Home
မြန်မာသတင်း
မော်လမြိုင်တွင် မွတ်ဆလင်အမျိုးသား ၁ ဦးထံမှ ဘုရားဆင်းတုတော်များ သိမ်းဆည်းရမိ
DVB
·
February 7, 2018
မွန်ပြည်နယ် မော်လမြိုင်မှာ မွတ်ဆလင်အမျိုးသား ၁ ဦးဆီကနေ ဘုရားဆင်းတုတော်တွေ သိမ်းဆည်းရမိခဲ့လို့ ဖမ်းဆီးအရေးယူထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၅ ရက် ည ၁၀ နာရီလောက်က မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်ရှိ နဝရတ်တည်းခိုခန်းမှာ မွတ်ဆလင် ၁ ဦးဆီမှာ ဗုဒ္ဓဆင်းတုတော်တွေ ယူဆောင်လာပြီး တည်းခိုနေတယ်ဆိုတဲ့ သတင်းအရ မွန်ပြည်နယ် ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးရာခဲ့တာ ဖြစ်ပါတယ်။ စစ်ဆေးရာမှာ အခန်းအမှတ် (၁၁၈) မှာ တည်းခိုနေတဲ့ အောင်ကျော်ထွန်း(ခ)အောင်ထွန်း(ခ)မူတူး (၄၅-နှစ်)ဆီက  ဉာဏ်တော် ၁ လက်မမှ ၁ ပေခန့်အတွင်းရှိ အင်္ဂတေ၊ သစ်သား၊ ကျောက်စိမ်းနဲ့ ပြုလုပ်ထားတဲ့ ထိုင်တော်မူ ဆင်းတုတော် ၆ ဆူ၊ ဉာဏ်တော် ၄ လက်မခန့်ရှိ ရွှေရောင်အုတ်ခွက် ဆင်းတုတော် ၁ ဆူ၊ ဉာဏ်တော် ၄ လက်မခန့်ရှိ ရှင်ဥပဂုတ္တမထေရ် ရုပ်ပွားတော် ၁ ခု၊ ဉာဏ်တော် ၅ လက်မခန့်ရှိ ရှင်သီဝလိ ရုပ်ပွားတော် ၁ ခု၊ ခြင်္သေ့ရုပ်ပုံ အောက်ခံပလ္လင် ၂ ခု သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ တရားခံကို စစ်ဆေးမေးမြန်းချက်အရ မြဝတီမြို့မှာ ပြန်လည်ရောင်းချဖို့ မော်လမြိုင်မြို့ခံတဦးဆီကနေ ဆင်းတုတော်တွေ ဝယ်ယူခဲ့ကြောင်း ထွက်ဆိုခဲ့လို့  အောင်ကျော်ထွန်း(ခ)အောင်ထွန်း (ခ)မူတူး(ဖမ်းမိ)ကို  ရာဇသတ်ကြီးပုဒ်မ ၃၈၀/၂၉၅/ကျင့် ၅၄(ခိုးမှု၊ ဘာသာသာသနာ စော်ကားမှု၊ မသင်္ကာမှုတို့နဲ့  အမှုဖွင့် အရေးယူထားတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ - ပြည်ထဲရေး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024