DVB Logo
Home
မြန်မာသတင်း
သူရဦး​ရွှေမန်း​နှင့်​အဖွဲ့​ ဥ​ရောပပါလီမန်ကို သွား​ရောက်
DVB
·
May 10, 2012
သူရဦး​ရွှေမန်း​နှင့်​အဖွဲ့​ ဥ​ရောပပါလီမန်ကို သွား​ရောက်
Donate to DVB

ဥ​ရောပနိုင်ငံ​တွေကို ခရီး​လှည့်​လည်​နေတဲ့​ ပြည်သူ့​လွှတ်​တော် ဥက္ကဋ္ဌ သူရဦး​ရွှေမန်း​ ​ခေါင်း​ဆောင်တဲ့​ ကိုယ်စား​လှယ်အဖွဲ့​ဟာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့​မှာရှိတဲ့​ အီး​ယူ ပါလီမန်ကို ဒီ​နေ့​ပထမဆုံး​အကြိမ် လာ​ရောက် လည်ပတ်ခဲ့​တယ်လို့​ အီး​ယူရုံး​က သတင်း​ ထုတ်ပြန်ပါတယ်။

သူရဦး​ရွှေမန်း​နဲ့​ အဖွဲ့​ဝင် ၁၂ ​ယောက်​လောက်ဟာ အီး​ယူဥက္ကဋ္ဌ ဟား​မန်း​ဗန်ရွမ်ပိုင်း​၊​ အီး​ယူ နိုင်ငံခြား​ရေး​ရာ မူဝါဒအကြီး​အကဲ ကတ်သရင်း​ အက်ရှ်တန်တို့​နဲ့​ အီး​ယူပါလီမန်မှာ ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​ပါတယ်။

အီး​ယူပါလီမန် ဥက္ကဋ္ဌ မာတင်ရှုလာက မြန်မာနိုင်ငံမှာ ​ဆောင်ရွက်​နေတဲ့​ ပြုပြင်​ပြောင်း​လဲမှု​တွေကို အီး​ယူက အသိအမှတ်ပြုတဲ့​အ​ကြောင်း​နဲ့​ လတ်တ​လော မြန်မာနိုင်ငံရဲ့​ အထင်ကြီး​လောက်တဲ့​ ဒီမိုက​ရေစီ​ရေး​ လမ်း​ဖွင့်​ပေး​မှုဟာ အီး​ယူအတွက် ​မျှော်လင့်​ချက်​တွေနဲ့​ အ​ကောင်း​မြင်မှု​တွေ ဖြစ်​စေတယ်လို့​ ​ကြေညာချက်မှာ ​ပြောပါတယ်။

အီး​ယူပါလီမန်အ​နေနဲ့​ ​နေပြည်​တော်က အဖွဲ့​အစည်း​တွေကို ကူညီ​ပေး​ဖို့​ အသင့်​ရှိတဲ့​ အ​ကြောင်း​နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို ၁၉၉၀ တုန်း​က ​ပေး​အပ်ထား​တဲ့​ Sakharov Prize ဆတ်ခ်ခါ ​ရော့​ဗ် လွတ်လပ်စွာ​တွေး​ခေါ်မှုဆုကို လာ​ရောက်ယူဖို့​ ထပ်မံဖိတ်​ခေါ်တဲ့​ အ​ကြောင်း​ ​ပြောကြား​ခဲ့​တယ်လို့​ ဆိုပါတယ်။

အီး​ယူဟာ ပြီး​ခဲ့​တဲ့​သီတင်း​ပတ်က မြန်မာအ​ပေါ် ပိတ်ဆို့​ဒဏ်ခတ်မှု​တွေ ၁ နှစ် ဆိုင်း​ငံ့​ထား​ဖို့​ ဆုံး​ဖြတ်ခဲ့​ပြီး​ အီး​ယူ အကြီး​အကဲ​တွေကိုယ်တိုင် မြန်မာနိုင်ငံ သွား​ရောက်ကာ အီး​ယူ ရုံး​ခွဲတခု ဖွင့်​လှစ်ခဲ့​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013