A d v e r t i s e m e n t With Us

နော့စ်ကောင်တီကို ၈ ဂိုး ၁ ဂိုးဖြင့်နိုင်ပြီး ဆွမ်ဆီး အက်ဖ်အေဖလား နောက်တဆင့်တက် (ရုပ်သံဟိုက်လိုက်)

အက်ဖ်အေဖလား ပြန်ကန်ပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်ကလပ် ဆွမ်ဆီးနဲ့ လိဂ် ၂ ကလပ် နော့စ်ကောင်တီတို့ မနေ့က ယှဉ်ပြိုင်ရာ ဆွမ်ဆီးက ၈ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရပြီး နောက်တဆင့် တက်ရောက်သွားပါတယ်။ ဒီနှစ်သင်း ပထမအကျော့ ယှဉ်ပြိုင်ခဲ့တုန်းက တဖက်တဂိုးစီ သရေကျခဲ့တာပါ။ ဆွမ်ဆီးဟာ နည်းပြ ကာဗာဟယ်လက်ထက်မှာ ရလဒ်ကောင်းတွေ ရနေပြီး ပရီးမီးယားလိဂ်မှာလည်း အသင်းကြီးတွေကိုတောင် အနိုင်ကန်တဲ့အထိ ခြေစွမ်းကောင်းမွန်နေပါတယ်။ အခုပွဲစဉ်မှာလည်း ဆွမ်ဆီးဟာ ဘောလုံးပိုင်ဆိုင်မှု ၇၅ ရာခိုင်နှုန်းအထိ ရယူနိုင်ခဲ့သလို ထိုးဖောက်ကန်သွင်းခွင့်မှာလည်း အပြတ် အသာစီးရခဲ့ပါတယ်။ ဆွမ်ဆီးအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၁၈ မိနစ်နဲ့ ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပိုမှာ အေဘရာဟမ်က နှစ်ဂိုး၊ မိနစ် ၂၀ နဲ့ ၃၀ မှာ ဒိုင်ယာက နှစ်ဂိုး၊ ၅၃ မိနစ်မှာ နော့တွန်က တဂိုး၊ ၅၇ မိနစ်မှာ ရုလက်ခ်ျက တဂိုး၊ ၆၅ မိနစ်မှာ ကာရိုးလ်က တဂိုးနဲ့ ၈၂ မိနစ်မှာ ဂျိမ်းစ်က တဂိုး အသီးသီး သွင်းယူပေးခဲ့ပါတယ်။ နော့စ်ကောင်တီအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ၃၅ မိနစ်မှာ ဟူစင်က သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲအနိုင်ရပြီး အက်ဖ်အေဖလား နောက်တဆင့် တက်ရောက်သွားတဲ့ ဆွမ်ဆီးအသင်းဟာ လာမယ့် ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ချန်ပီယံရှစ်ကလပ် ရှက်ဖီးဝမ့်စ်ဒေးနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up