DVB Logo
Home
မြန်မာသတင်း
ရွှေနံ့​သာ​ကျေး​ရွာသား​များ​၏ လယ်ထွန်မင်္ဂလာ အာဏာပိုင်တား​မြစ်
DVB
·
May 10, 2012
Donate to DVB

မင်္ဂလာဒုံမြို့​နယ် ​ရွှေနံ့​သာ​ကျေး​ရွာမှာ လယ်သိမ်း​ခံရတဲ့​ လယ်သမား​တွေက သူတို့​မြေယာ​တွေ​ပေါ်မှာ လယ်ထွန်မင်္ဂလာပွဲကို ဒီ​နေ့​မနက် ကျင်း​ပရာမှာ သက်ဆိုင်ရာက လာတား​ပါတယ်။

ဇေကမ္ဘာကုမ္ပဏီက သူတို့​ထံက​နေယူပြီး​ စက်မှုဇုန်တည်​နေတာကို မ​ကျေနပ်တဲ့​ လယ်သမား​တွေက လယ်ထွန်မင်္ဂလာပွဲ လုပ်မယ်လို့​ ကြိုတင် ​ကြေညာထား​တာပါ။ ဒါကို မ​နေ့​ည​နေက မြို့​နယ်အုပ်ချုပ်​ရေး​မှူး​က စာပို့​တား​မြစ်သလို ​ရွှေနံ့​သာ ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​ကလည်း​ လာ​ရောက် တား​မြစ်ခဲ့​ပါတယ်။

အဲဒီလယ်ကွင်း​မှာ ညအိပ်တဲ့​ သူတို့​ကလည်း​ လယ်ထွန်ပွဲကို ဖြစ်​အောင် လုပ်ပါမယ်လို့​ လယ်သမား​တွေရဲ့​ ကိုယ်စား​လှယ် မတူကွဲပြား​ခြင်း​နဲ့​ ငြိမ်း​ချမ်း​ရေး​ပါတီ ဥက္ကဋ္ဌ ဦး​နေမျိုး​ဝေက ​ပြောဆိုပါတယ်။

မ​နေ့​ညမှာ သက်ဆိုင်ရာက လယ်သမား​တဦး​ရဲ့​ အိမ်တွင်း​ကို ဝင်​ရောက်ပြီး​ ခြိမ်း​ခြောက် ကြိမ်း​မောင်း​ခဲ့​တယ်လို့​ သူက ​ပြောပါတယ်။

မ​နေ့​ညက လယ်သမား​တွေနဲ့​အတူ အဲဒီကွင်း​မှာ ညအိပ်တဲ့​ ဦး​နေမျိုး​ဝေက “ဗိုလ်ကြီး​အောင်မြင့်​ဇော်က ဦး​ကျော်မြင့်​တဲက အမျိုး​သမီး​ကို သူက ဝင်ပြီး​တော့​ ​ပြောတယ်။ မနက်ဖြန်ကျရင် ​သွေး​လည်း​မြင်ရမယ်၊​ အသံလည်း​ ကြား​ရမယ်​ပေါ့​။ လုံခြုံ​ရေး​တွေလည်း​ ​ခေါ်ထား​တယ် ဘာညာ​ပြော​တော့​ ​ကြောက်​နေကြတယ်။ ​ကြောက်​နေကြတဲ့​အချိန် အုပ်ချုပ်​ရေး​က ကျ​နော်တို့​ကို တား​တဲ့​စာ​ပေး​ပြီး​တော့​ ရွာသား​တွေက ဖတ်ပြီး​တော့​ လန့်​နေကြတာ​ပေါ့​ဗျာ။”

ဒီမနက်​တော့​ လယ်ထွန်မင်္ဂလာပွဲကို လှိုင်သာယာဘက်က ​မြေသိမ်း​ခံရတဲ့​ လယ်သမား​တွေနဲ့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​တွေလည်း​ ​ရောက်လာလို့​ လူ ၁၀၀ ​ကျော် သွား​တယ်လို့​ ဆိုပါတယ်။

ဒီမနက် ၁၀ နာရီ ၁၅ မိနစ်မှာ လယ်ထွန်မင်္ဂလာကို လယ်ထွန်စက် ၂ လုံး​နဲ့​ စတင်ခဲ့​ပုံနဲ့​ အာဏာပိုင်​တွေက တား​မြစ်ပုံကို ဦး​နေမျိုး​ဝေက ခုလို ​ပြောပါတယ်။

“လယ်ထွန်မင်္ဂလာကို စပြီဆိုပြီး​ ကျ​နော်တို့​က လယ်စက် ၂ စီး​နဲ့​ ၁ စီး​ကို စပြီး​တော့​ တကယ်မထွန်​သေး​ဘဲနဲ့​ ထွန်ကိုင်း​ကို မထား​ပြီး​ ထွန်တဲ့​ပုံစံမျိုး​ ကျ​နော်တို့​ လုပ်တဲ့​အခါမှာ မြို့​နယ်အုပ်ချုပ်​ရေး​မှူး​ ဦး​ငြိမ်း​ထွေး​နဲ့​ ရပ်ကွက်အုပ်ချုပ်​ရေး​မှူး​ ဦး​ထွန်း​ထွန်း​ဦး​တို့​က လာ​ရောက်တား​ပါတယ် သူတို့​အုပ်စု​တွေနဲ့​။ ဟုတ်ပြီ ကျ​နော်တို့​က ​ပြောတယ် ကျ​နော်တို့​ ဒီမှာ မထွန်​သေး​ပါဘူး​ ဒီမှာ ထွန်ကိုင်း​ကို တင်ထား​တယ်။ ခဏ​နေရင် တကယ်ထွန်တယ်ဆိုတာ ဘယ်လိုပါဆိုတာ ကျ​နော် ပြပါမယ်လို့​ ဆိုပြီး​ ကျ​နော် ထွန်ကိုင်း​ကို ​အောက်ချပါတယ်။

“ကျ​နော်တို့​ ဒီလို ဘာဖြစ်လို့​ လုပ်ပြရလဲဆို​တော့​ ခင်ဗျား​တို့​ ကျ​နော်တို့​ကို​တော့​ တား​တယ်။ ​ဇေကမ္ဘာကုမ္ပဏီက ဥပ​ဒေရဲ့​အထက်မှာ ရှိ​နေလို့​ သွား​မတား​တာလား​။ သူတို့​ကို စာ ၂ ကြိမ်ထုတ်တယ်၊​ သူတို့​ အကြိမ်ကြိမ်ကန်သင်း​တွေ ထိုး​ဖြတ်တယ်။ အဲဒါကို ခင်ဗျား​တို့​ သွား​တား​ပေး​ပါ ဟိုမှာလုပ်​နေပါတယ်။ ကျ​နော်တို့​ ထွန်​နေတဲ့​ တချိန်တည်း​မှာပဲ ဟိုဘက်အခြမ်း​မှာက အ​ရှေ့​တောင်ဘက်အခြမ်း​မှာ ​ဇေကမ္ဘာက ကန်သင်း​တွေ ထိုး​နေပါတယ် အဲဒီ​တော့​ သူတို့​သွား​တား​ပါတယ်။ အဲဒီ​တော့​ ကျ​နော်တို့​က ဥပ​ဒေအတွင်း​မှာ အား​လုံး​တ​ပြေး​ညီရှိဖို့​ လိုအပ်တယ်ဆိုတာကို သရုပ်​ဖော်တာပါ ဒီ​နေ့​က။”

သူတို့​ရဲ့​ လယ်ထွန်စက်​တွေ လယ်ကွင်း​ထဲက ထွက်သွား​ပေမယ့်​ ​ဇေကမ္ဘာကုမ္ပဏီက​တော့​ ​မြေတူး​စက်​တွေ ဆက်ရှိ​နေတယ်လို့​ ဆိုပါတယ်။

လွန်ခဲ့​တဲ့​နှစ်ပိုင်း​က အစိုး​ရစီမံချက်အရ လယ်သိမ်း​ခံရမယ်ဆိုတဲ့​အတွက် ​ဇေကမ္ဘာကုမ္ပဏီက ၁ ဧက ၃ သိန်း​နှုန်း​ နစ်နာ​ကြေး​ပေး​ပြီး​ စက်မှုဇုန်လုပ်​နေတာကို လယ်သမား​တွေက တိုင်လို့​ သက်ဆိုင်ရာက နား​ခိုင်း​ထား​ပါတယ်။

အခု​တော့​ ​ဇေကမ္ဘာကုမ္ပဏီကလည်း​ လယ်ယာလုပ်မယ်လို့​ မြို့​နယ်​မြေယာ​ကော်မတီမှာ ​လျှောက်ထား​သလို လယ်သမား​တွေကလည်း​ လယ်ယာလုပ်မယ်လို့​ ​မြေယာ​ကော်မတီမှာ ​လျှောက်ထား​ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013