A d v e r t i s e m e n t With Us

ဩစ​တြေး​လျ​ရောက် နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​၊​ လွှတ်​တော်အမတ် ဦး​ဖြိုး​မင်း​သိန်း​၏ အ​တွေ့​အကြုံ

ဦးြဖိုးမင်းသိန်း​
အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က လွှတ်​တော်အမတ်​တွေဖြစ်တဲ့​ ​ဒေါ်စန္ဒာမင်း​၊​ ဦး​ဖြိုး​မင်း​သိန်း​၊​ ဦး​ဖြိုး​ဇေယျာ​သော်တို့​ဟာ ဩစ​တြေး​လျ ​လေဘာပါတီက စီစဉ်​ပေး​တဲ့​ နိုင်ငံ​ရေး​သင်တန်း​ကို တက်​ရောက်ဖို့​ ပြီး​ခဲ့​တဲ့​အပတ်က ဩစ​တြေး​လျနိုင်ငံကို ​ရောက်​နေပါတယ်။ မကြာခင်က ​ရွေး​ကောက်ခံခဲ့​ရတဲ့​ မြန်မာအမတ်​တွေဟာ ဩစ​တြေး​လျ လွှတ်​တော်ကို ​လေ့​လာခဲ့​သလို၊​ ဒီခရီး​စဉ်အတွင်း​မှာ ဩစ​တြေး​လျဝန်ကြီး​ချုပ်၊​ နိုင်ငံခြား​ရေး​ဝန်ကြီး​၊​ ​လေဘာပါတီက ​ခေါင်း​ဆောင်​တွေ၊​ ဩစ​တြေး​လျက တက္ကသိုလ် ​ကျောင်း​သား​တွေနဲ့​ ​တွေ့​ဆုံခဲ့​ပါတယ်။ နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​ တ​ယောက်လည်း​ဖြစ်တဲ့​ လွှတ်​တော်အမတ် ဦး​ဖြိုး​မင်း​သိန်း​ရဲ့​အ​တွေ့​အကြုံ​တွေကို ဆက်သွယ် ​မေး​မြန်း​ထား​ပါတယ်။ [caption id="attachment_25226" align="alignleft" width="310" caption="ဦးဖြိုးမင်းသိန်း​"][/caption] ကိုဖြိုး​မင်း​သိန်း​တို့​၊​ ကို​ဇေယျာ​သော်တို့​ ဆိုရင် အခု ​လော​လောလတ်လတ်ပဲ ​ရွေး​ကောက်ခံရတဲ့​ အမတ်​တွေ​ပေါ့​နော် ဩစ​တြေး​လျလို နိုင်ငံထဲသွား​တယ် လွှတ်​တော်ထဲ ​လေ့​လာတဲ့​အခါကျ​တော့​ ဘယ်လို ခံစား​ချက်ရလဲ။ မြန်မာပြည်အတွက် ဘာ​တွေ စိတ်ကူး​ရလဲ။ “မြန်မာနိုင်ငံ ဒီမိုက​ရေစီ​ရေး​ လှုပ်ရှား​မှုမှာ ဒီလို ဒီမိုက​ရေစီ နိုင်ငံကြီး​တွေကို ​လေ့​လာခွင့်​ရတဲ့​အတွက် ကျ​နော်တို့​ တအား​ကို စိတ်လှုပ်ရှား​ရတယ်။ ကျ​နော်တို့​က ဒီမိုက​ရေစီဆိုတာကို ကျ​နော်တို့​ရဲ့​ ဖြစ်​စေချင်တဲ့​ လွတ်လပ်ခွင့်​တွေထဲက စဉ်း​စား​တယ်။ တကယ် ဒီလို လွတ်လပ်ပြီး​ တကယ်​ဆောင်ရွက်​နေတဲ့​ ​လေဘာပါတီရဲ့​ ဒီ ဩစ​တြေး​လျ လွှတ်​တော်မှာ ဘတ်ဂျက်​တွေလိုဟာမျိုး​ပေါ့​နော်။ ဘတ်ဂျက်နဲ့​ ပတ်သက်ပြီး​ အဆိုတင်သွင်း​တဲ့​ အပြန်အလှန်​မေး​မြန်း​တာ​တွေ၊​ အပြန်အလှန်​ဆောင်ရွက်ကြတာ​တွေကို ​တွေ့​တဲ့​အချိန်မှာ၊​ ကျ​နော် ဒီမိုက​ရေစီရဲ့​ အနှစ်သာရကို တကယ်ကို လက်​တွေ့​ ​တွေ့​ရတယ်။ ဒါ​ကြောင့်​မို့​ ကျ​နော်တို့​က ဒီမိုက​ရေစီကို လက်​တွေ့​အ​ကောင်အထည်​ဖော်နိုင်ဖို့​အတွက်ဆိုရင် ကျ​နော်တို့​ တိုင်း​ပြည်ထဲမှာ ပြုပြင်​ပြောင်း​လဲမှု​တွေ အများ​ကြီး​ လုပ်ရဦး​မယ်၊​ ကျ​နော်တို့​ အခု နိုင်ငံ​ရေး​သင်တန်း​ လာတက်တဲ့​ ​နေရာမှာ ကျ​နော်တို့​ တိုင်း​ပြည်ရဲ့​ လိုအပ်ချက်​တွေကို လမ်း​ညွှန်ပြ​နေသလိုမျိုး​ သီအိုရီ​တွေ ​တော်​တော်များ​များ​ကို ​တွေ့​ရတယ်။ ဒါ​ကြောင်မို့​ ဒီကိုလာရတာ ကျ​နော်တို့​အတွက် အကျိုး​ရှိပါတယ်။ ဒီလို​ဆောင်ရွက်နိုင်ဖို့​အတွက် ကျ​နော်တို့​ အမျိုး​သား​ဒီမိုက​ရေစီဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ​လေဘာပါတီက စီစဉ်​ဆောင်ရွက်​ပေး​မှုကို ကျ​နော်တို့​က အထူး​ကို ​ကျေနပ်တယ်။ ဒါ ကျ​နော်တို့​ တိုင်း​ပြည်အတွက် လိုအပ်ချက် လူငယ်​တွေကို အခုလို နိုင်ငံတကာကို သွား​ခွင့်​ရတာ တအား​ကို ​ကောင်း​ပါတယ်။” မြန်မာပြည်ကသွား​တဲ့​ အန်အယ်လ်ဒီအမတ်​တွေက ငယ်ငယ်ရွယ်ရွယ် နုနုပျိုပျို​ပေါ့​လေ။ သူတို့​လေဘာအမတ်က တ​ယောက်ကဆိုရင် အသက်ကြီး​ကြီး​နဲ့​ မျက်မှန်ထူထူကြီး​နဲ့​ ​တွေ့​ရ​တော့​ ကိုဖြိုး​မင်း​သိန်း​တို့​ ဘယ်လို ခံစား​ရလဲ။ ကျ​နော်တို့​ဆီက နိုင်ငံ​ရေး​သမား​တွေနဲ့​ သူတို့​ဆီက နိုင်ငံ​ရေး​သမား​တွေနဲ့​ နှိုင်း​ယှဉ်ပြီး​ သူတို့​က အ​တွေ့​အကြုံပိုများ​နေမလား​။ ကျ​နော်တို့​က အ​တွေ့​အကြုံနည်း​နေမလား​ ဘယ်လို ခံစား​ရလဲ။ “အ​တွေ့​အကြုံအရ ​ပြောမယ်ဆိုရင်​တော့​ ဒီမိုက​ရေစီနဲ့​ ပတ်သက်ပြီး​ သူတို့​က သူတို့​ရဲ့​ ဘိုး​ဘေး​ဘီဘင်​တွေလက်ထက်က​နေပြီး​တော့​ နှစ်​ပေါင်း​ ၁၀၀ ​ကျော်​လောက် ထူ​ထောင်လာခဲ့​တာ။ ​လေဘာပါတီရဲ့​ ၄၆ ကြိမ်​မြောက် အမျိုး​သား​ညီလာခံကြီး​ကို ကျ​နော်တို့​ကို ​ပေး​ပါတယ်။ သူတို့​ ၃ နှစ် တကြိမ်လုပ်တာဆို​တော့​ ဒါ သူတို့​က နှစ်​ပေါင်း​ ၁၂၀ ​ကျော်​လောက် ရှိ​နေတာ​ပေါ့​နော်။ အဲဒီ သူတို့​ဆောင်ရွက်​နေတဲ့​ ​လေဘာပါတီကြီး​ရဲ့​ ဒီညီလာခံရဲ့​ ​ပေါ်လစီ​တွေ၊​ သူတို့​ဆွေး​နွေး​တဲ့​ ပုံစံ​တွေ၊​ သူတို့​ ပြည်သူလူထုကြား​ကို ထိ​တွေ့​တဲ့​ အင်တာနက်၊​ အီး​မေး​လ်က​နေ သူတို့​ သွား​တဲ့​ ပုံစံ​တွေ ကျ​နော်တို့​ကို အများ​ကြီး​ ရှင်း​ပြပါတယ်။ ​လေဘာပါတီထဲကို သွား​ပြီး​ ဒီ​ပေါ်လစီ group နဲ့​ ​တွေ့​ရတဲ့​အ​ခြေအ​နေမှာ ​ပေါ်လစီအုပ်စုက ကျ​နော်တို့​ကို ​သေ​သေချာချာ သူတို့​ရဲ့​ ​ဆောင်ရွက်​နေတဲ့​ အ​နေအထား​တွေကို ရှင်း​ပြတယ် အ​ခြေအ​နေမှာ ကျ​နော် မြင်ရတာက​တော့​ အဲဒီမှာ လူငယ်​တွေလည်း​ ရှိတယ်၊​ လူကြီး​တွေလည်း​ ရှိတယ်၊​ လူလတ်ပိုင်း​တွေလည်း​ ရှိတယ်။ “တဖြည်း​ဖြည်း​လက်ဆင့်​ကမ်း​ သယ်​ဆောင်​နေတဲ့​ သ​ဘောမျိုး​ ​တွေ့​ရပါတယ်။ လွှတ်​တော်ထဲကို ကြည့်​လိုက်တဲ့​အချိန်မှာ ငယ်ရွယ်နုပျိုတဲ့​ လွှတ်​တော် အမတ်​တွေကိုလည်း​ ကျ​နော်တို့​ ​တွေ့​ရတယ်။ လွှတ်​တော်ကို လုံး​ဝ ထိန်း​ပေး​ထား​တဲ့​ အသက်ကြီး​ကြီး​ သူ​တွေကိုလည်း​ ​တွေ့​ရပါတယ်။ ​နောက်ပြီး​ လွှတ်​တော်အတွင်း​မှာ ​ဆောင်ရွက်​နေတဲ့​ ပုံသဏ္ဌာန်​တွေကို ကြည့်​ရခြင်း​အား​ဖြင့်​ ဒီမိုက​ရေစီကို နား​လည်​နေကြတဲ့​အတွက် အပြန်အလှန် ​လေး​စား​မှု ထား​တယ်။ ဒါ​ပေမယ့်​ ​ဆွေး​နွေး​သင့်​တဲ့​ ကိစ္စကို မညှာတမ်း​ သူတို့​ ​ဆွေး​နွေး​ကြတယ်၊​ တိုင်း​ပြည်ရဲ့​ အ​ရေး​ ​ရှေး​ရှုပြီး​၊​ ဒါ​ကြောင့်​မို့​ ​ကောင်း​မွန်ပါတယ်။” ကျ​နော်တို့​ အခု​ရောက်​နေတဲ့​ အဆင့်​က​နေပြီး​တော့​မှ ကိုဖြိုး​မင်း​သိန်း​တို့​ ​တွေ့​ရတဲ့​ လွှတ်​တော်အဆင့်​၊​ သူတို့​ဆီမှာ ရှိတဲ့​ နိုင်ငံ​ရေး​သမား​တွေ အဆင့်​လောက်ထိ​ရောက်ဖို့​ ဘယ်​လောက်အထိ လိုအပ်တယ်လို့​ ထင်လဲဗျ။ ကျ​နော်တို့​ ​ရေချိန်က ဘယ်​လောက် အဆင့်​ရှိမလဲ။ ကျ​နော်တို့​ ဘယ်​လောက်ကြိုး​စား​ဖို့​ လိုအပ်လဲ။ ဘယ်လိုခံစား​ရလဲဗျ။ “ကျ​နော် သူတို့​ရဲ့​ old ပါလီမန်ကို သွား​ကြည့်​တဲ့​အချိန်မှာ ကျ​နော်တို့​ တိုင်း​ပြည်ရဲ့​ ဒီမိုက​ရေစီအဆင့်​က..၊​ မြန်မာဆိုတဲ့​ ​နေရာ​လေး​ကို နှိပ်လိုက်လို့​ရှိရင် မြန်မာနိုင်ငံရဲ့​ အဆင့်​အတန်း​ကို သူတို့​ တွက်​ပေး​ထား​ပါတယ်။ ကျ​နော်တို့​က ၁၀၀ ​ကျော်​လောက်ကို ​ရောက်​နေတယ်​ပေါ့​ဗျာ။ နိုင်ငံ​ပေါင်း​ ၁၄၀-၁၅ဝ​လောက်ထဲမှာ ကျ​နော်တို့​ တိုင်း​ပြည်က ၁၂၀ ​လောက်ကို ​ရောက်​နေတဲ့​ အ​ခြေအ​နေမျိုး​ သွား​တွေ့​နေရတာ​ပေါ့​နော်။ အဲဒီအ​နေအထား​တွေက​နေ ကျ​နော်တို့​ ​ရှေ့​ဆက်ပြီး​ တိုး​မြင့်​အောင် ​ဆောင်ရွက်မယ်ဆိုရင် ကျ​နော်တို့​ထဲမှာ အဓိကက​တော့​ လူလတ်တန်း​စား​ ​ပေါ်ထွန်း​ဖို့​အတွက် စီး​ပွား​ရေး​ အ​ခြေအ​နေ​ကောင်း​တွေ ဖြစ်လာနိုင်ဖို့​ ကျ​နော်တို့​ လိုအပ်ပါတယ်။ ​နောက်တခုက​တော့​ အသိဥာဏ်ပညာ အ​ရေး​ကြီး​ပါတယ်။ ဒါ​ကြောင့်​မို့​ ပညာနဲ့​ပတ်သက်တဲ့​ အသိဥာဏ်ပညာ ပွင့်​လင်း​နိုင်မယ့်​ အတတ်ပညာ​တွေ၊​ ကျ​နော်တို့​ဆီမှာ နိုင်ငံ​ရေး​နဲ့​ ပတ်သက်ပြီး​ က​လေး​ငယ်​တွေရဲ့​ ပညာ​ရေး​၊​ ကျန်း​မာ​ရေး​ ဒီအ​ခြေအ​နေ​တွေကို မြှင့်​တင်နိုင်မှ ​နောက် ဆယ်စုနှစ် တခု​လောက်မှာ ကျ​နော်တို့​က ဒီမိုက​ရေစီစနစ်ကို ဖြတ်သန်း​နိုင်တဲ့​ အဆင့်​ကို ​ရောက်လာမှာပါ။ ဒီကြား​ထဲမှာ​တော့​ ကျ​နော်တို့​ အမှား​တွေ ရှိနိုင်လိမ့်​မယ်။ ဒီအမှား​တွေကို ကျ​နော်တို့​ ထိန်း​ညှိပြင်ဆင်ရင်း​နဲ့​ ကျ​နော်တို့​ သယ်​ဆောင်ရလိမ့်​မယ်လို့​ ထင်တယ်။ နို့​မိုဆိုရင် ကျ​နော်တို့​ တိုင်း​ပြည်မှာ မလိုလား​အပ်တဲ့​ အခြား​ အ​ခြေအ​နေ​တွေ ​ပေါ်လာနိုင်ပါတယ်။” ​ကျောင်း​သား​တွေနဲ့​ seminar လို လုပ်​တော့​ သူတို့​ဆီက ​ကျောင်း​သား​တွေကို ဘယ်လိုမြင်မိလဲ။ ကျ​နော်တို့​ဆီက ​ကျောင်း​သား​တွေနဲ့​ နှိုင်း​ယှဉ်ရင် သူတို့​ပြောတာဆိုတာ၊​ ​မေး​တာမြန်း​တာ​တွေ​ပေါ့​။ အဲဒီအ​ပေါ်မှာ ဘယ်လိုခံစား​ရလဲ ဘယ်လိုထင်လဲ။ “သူတို့​ဆီက ​ကျောင်း​သား​တွေနဲ့​ ​တွေ့​ဆုံရတဲ့​အ​ခြေအ​နေမှာ ပထမ​တော့​ ကျ​နော် ထင်မြင်ယူဆမိတယ်​ပေါ့​ဗျာ။ သူတို့​နဲ့​ ကျ​နော်တို့​က။ ကျ​နော်ကလည်း​ ​ကျောင်း​သား​ဘဝက​နေ အကျဉ်း​ထောင်ထဲမှာ ​နေခဲ့​တယ်၊​ ​ကျောင်း​သား​တွေနဲ့​ ကျ​နော် ​ဆွေး​နွေး​ခွင့်​ရ​တော့​ သူတို့​ဆွေး​နွေး​တဲ့​ ​မေး​ခွန်း​တွေက ကျ​နော်တို့​ မြန်မာနိုင်ငံမှာ ဒီမိုက​ရေစီပြုပြင်​ပြောင်း​လဲ​ရေး​ကို ကျ​နော်တို့​ဆီက လူငယ်​တွေ စဉ်း​စား​နေတာနဲ့​ သိပ်အများ​ကြီး​ ကွာခြား​ချက်​တော့​ မရှိဘူး​။ ဒါ​ပေမယ့်​ သူတို့​ရဲ့​ သိမှုက​တော့​ အား​သာတယ်။ သူတို့​က ဒီမိုက​ရေစီဆိုတာကို သူတို့​က သိ​နေတယ်။ သိ​နေတဲ့​အတွက် သူတို့​စိတ်ထဲမှာ ခံစား​ရတာ ဒီအခွင့်​အ​ရေး​တွေကို သူတို့​ ​တောင်း​ဆို​နေရတာမဟုတ်ဘူး​။ ဒီအခွင့်​အ​ရေး​တွေက သူတို့​က ​မွေး​ကတည်း​က ရ​နေတာ။ ကျ​နော်တို့​မှာက ဒီအခွင့်​အ​ရေး​တွေမရလို့​ ဖြစ်​နေတာဆိုတဲ့​ အ​ခြေအ​နေ​ပေါ်မှာ သူတို့​ သိ​နေတယ်။ ဒီအ​ခြေအ​နေတခုက​တော့​ ကျ​နော်တို့​နဲ့​ သူတို့​ကြား​မှာ မညီဘူး​။ သူတို့​သင်ကြား​နေရတဲ့​ ပညာ​ရေး​စနစ်​တွေကလည်း​ ကျ​နော်တို့​ဆီက ပညာ​ရေး​စနစ်​တွေနဲ့​ မတူဘူး​။ သူတို့​ဆီမှာက ဒီမိုက​ရေစီနဲ့​ ပတ်သက်ပြီး​ သင်ကြား​မှု​တွေက တအား​ကို အား​ကောင်း​တယ်။ က​လေး​ငယ်​တွေရဲ့​ ပညာ​ရေး​စနစ်ကလည်း​ တိုး​တက်တယ်။ သူတို့​မေး​မြန်း​တယ်၊​ ကျ​နော်တို့​ တိုင်း​ပြည်နဲ့​ပတ်သက်တဲ့​ အ​ခြေအ​နေ​တွေအ​ပေါ်မှာ​တော့​ ကျ​နော်တို့​ဆီက လူငယ်​တွေ ​ကျောင်း​သား​တွေရဲ့​ ​တွေး​ခေါ်စဉ်း​စား​မှုနဲ့​ အများ​ကြီး​ ကွာခြား​မှု​တော့​ မ​တွေ့​ရပါဘူး​။ ဒါ​ကြောင့်​မို့​ ကျ​နော် သူတို့​ ​မေး​မြန်း​တော့​မယ်ဆိုတဲ့​ အချိန်မှာ ကျ​နော် နည်း​နည်း​စိတ်လှုပ်ရှား​လာတယ်။ ဘာဖြစ်လို့​လဲဆို​တော့​ ကျ​နော် နိုင်ငံခြား​ တက္ကသိုလ်တခုမှာ အဲဒီလို ​ဖြေကြား​မှုမျိုး​ သိပ်အများ​ကြီး​ မလုပ်ဖူး​ဘူး​လေ။ ဒါ​ပေမယ့်​ ကျ​နော် ​ဖြေဆိုမှုအ​ပေါ်မှာ သူတို့​ ​ကျေနပ်အား​ရမှု ရှိပါတယ်။” ကိုဖြိုး​မင်း​သိန်း​တို့​ အမတ် ၃ ဦး​လုံး​ အခု​တွေ့​ရတဲ့​ နိုင်ငံ​ခေါင်း​ဆောင်​တွေ၊​ လွှတ်​တော်အမတ်​တွေ၊​ ​ကျောင်း​သား​လို လူ​တွေက မြန်မာပြည်အ​ပေါ် သူတို့​ရဲ့​ နား​လည်ချက်က တကယ် အစစ်အမှန်နဲ့​က ဘယ်​လောက်အထိ နီး​စပ်လဲဗျ။ ဘယ်​လောက်အထိ ကွာခြား​လဲ။ ဘယ်လိုထင်လဲဗျ။ “ကျ​နော်တို့​နဲ့​ သူတို့​ရဲ့​အ​ခြေအ​နေကို ​ပြောတဲ့​နေရာမှာ​တော့​ ဩစ​တြေး​လျနိုင်ငံက ထူး​ခြား​တယ်လို့​ ​ပြောချင်ပါတယ်။ ဩစ​တြေး​လျနိုင်ငံမှာ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ပတ်သက်ပြီး​ ပြည်သူလူထု​တော်​တော်များ​များ​က တကယ်ကို နှစ်နှစ်ကာကာ ​ထောက်ခံ​နေတာ ကျ​နော်​တွေ့​ရတယ်။ လူ​တွေက ​ဒေါ်စုဆိုတာကို ဒီကျ​နော်ထိ​တွေ့​ခဲ့​တဲ့​ နိုင်ငံ​ရေး​အသိုင်း​အဝိုင်း​၊​ ​ကျောင်း​သား​အသိုင်း​အဝိုင်း​တွေ အား​လုံး​က ​ဒေါ်​အောင်ဆန်း​စုကြည်ဆိုတာ သူတို့​ဆီမှာ တကယ်ကို ​လေး​စား​ဂုဏ်ပြုထိုက်​သော ပုဂ္ဂိုလ်အဖြစ်ကို ခံယူ​နေကြတာ။ ဒီလို နိုင်ငံမျိုး​ကို​ရောက်လာတယ်။ ဒီမှာရှိ​နေတဲ့​ ပါတီ​တွေကလည်း​ ကျ​နော်တို့​တိုင်း​ပြည်ရဲ့​ အ​ရေး​ကိစ္စကို စိတ်ဝင်စား​တယ်။ ပါတီ ၂ ခုစလုံး​က ကျ​နော်တို့​ အ​ရေး​ကိစ္စကို စိတ်ဝင်စား​တယ်။ ဒီအ​ခြေအ​နေ​တွေကို ကြည့်​ခြင်း​အား​ဖြင့်​ ဒီဩစ​တြေး​လျနိုင်ငံနဲ့​ အခြား​ နိုင်ငံခြား​တိုင်း​ပြည်​တွေနဲ့​တော့​ တထပ်တည်း​မတူနိုင်ဘူး​၊​ ဩစ​တြေး​လျမှာရှိ​နေတဲ့​ ဒီ ​ကျောင်း​သား​တွေ၊​ နိုင်ငံ​ရေး​သမား​တွေ၊​ ဩစ​တြေး​လျနိုင်ငံမှာ ရှိ​နေတဲ့​ ဒီမိုက​ရေစီ လှုပ်ရှား​သူ​တွေ အား​လုံး​က​တော့​ မြန်မာနိုင်ငံအ​ရေး​ကို သူတို့​ သိ​နေတယ်။ သူတို့​ မြန်မာနိုင်ငံအ​ရေး​ အ​ပြောင်း​အလဲ ကိစ္စရပ်​တွေကို ​ဆောင်ရွက်ချင်တဲ့​ ဆန္ဒ​တွေ ရှိ​နေတယ်။ ဒါ​ကြောင့်​မို့​ ကျ​နော်တို့​နဲ့​ သူတို့​နဲ့​ ကြား​မှာ ကွာဟမှု နည်း​တယ်လို့​ ကျ​နော်ထင်တယ်။ ​နောက်တချက်က ​ရေ​မြေ​တော​တောင်သဘာဝ ပုံစံအရလည်း​ ကျ​နော်တို့​နဲ့​ သူတို့​က နီး​စပ်ပါတယ်။ ဒါ​ကြောင့်​မို့​ ဒီမှာ အ​ဝေး​ရောက်မြန်မာ​တွေလည်း​ ရှိကြတဲ့​အတွက် ဩစ​တြေး​လျနိုင်ငံက​တော့​ မြန်မာနိုင်ငံရဲ့​ ဒီမိုက​ရေစီ ပြုပြင်​ပြောင်း​လဲ​ရေး​ကို ​ထောက်ခံအား​ပေး​နေတဲ့​ နိုင်ငံတခု ဖြစ်တယ်လို့​ ကျ​နော်မြင်တယ်။ သူတို့​အ​ပေါ်မှာလည်း​ ကျ​နော်တို့​ ဒီမိုက​ရေစီအ​ရေး​အတွက် အခုလို ​ထောက်ခံ​နေမှုကို ကျ​နော် ​ကျေး​ဇူး​တင်ပါတယ်။”

A d v e r t i s e m e n t With Us

More News
Up