စစ်ပွဲတွင်း ပိတ်မိနေသူများကို ကယ်ထုတ်ခွင့်ပြုရန် ကချင်လူထု ဆန္ဒပြတောင်းဆို
DVB
·
February 5, 2018
လက်ရှိဖြစ်နေတဲ့ စစ်ပွဲအကြား ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်ဖို့ တွေ့ဆုံခွင့်မရလို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ စီတာပူ မနောကွင်းမှာ ဖေဖော်ဝါရီ ၅ ရက်မနက်က ဒေသခံတွေ ဆန္ဒပြခဲ့ကြပါတယ်။
ကချင်ပြည်နယ် တနိုင်း ဆွပ်ပရာဘွမ် နေရာတွေမှာ ကေအိုင်အေနဲ့ တပ်မတော်တို့အကြား တိုက်ပွဲ ဖြစ်နေတာကြောင့် ပိတ်မိပြည်သူ ၁၀၀၀ ကျော်လောက် ရှိတယ်လို့ သိရပါတယ်။
လက်ရှိဖြစ်နေတဲ့ တိုက်ပွဲကြောင့် ကချင်ပြည်နယ် အစိုးရအနေနဲ့ ပိတ်မိပြည်သူအတွက် ထိရောက်တဲ့ အကူအညီတွေပေးဖို့လည်း ဆန္ဒပြသူတွေက တောင်းဆိုပါတယ်။
တနိုင်းမြို့နယ်ထဲ တိုက်ပွဲတွေကြောင့် နီးစပ် ရာမှော်တွေနဲ့ နမ့်ကွမ်းချောင်းပေါက်ဝတို့မှာ ပိတ်မိနေတဲ့ ပြည်သူ ၃၃ဝဝ လောက်ကို တပ်မတော်၊ ဌာနဆိုင်ရာတွေ လူမှုရေး အသင်းအဖွဲ့တွေ ပူးပေါင်းပြီး တနိုင်းမြို့ ဆင်မ်ဆာ့ရပ်ကွက်ရှိ ယာယီအားကစားကွင်းကို ပို့ဆောင်ကာ သက်ဆိုင်ရာ နေရပ်အသီးသီးကို ဆက်လက်ပို့ဆောင်ပေးနေတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။