DVB Logo
Home
မြန်မာသတင်း
ကေအိုင်အိုဌာနချုပ်လိုင်ဇာအနီး​ တိုက်ပွဲများ​ ပြင်း​ထန်
DVB
·
May 10, 2012
Donate to DVB

ကချင်လွတ်လပ်​ရေး​အဖွဲ့​ (​ကေအိုင်အို) ဌာနချုပ် လိုင်ဇာအနီး​မှာ အစိုး​ရတပ်​တွေနဲ့​ ကချင်တပ်​တွေအကြား​ တိုက်ပွဲ​တွေပြင်း​ထန်​နေတယ်လို့​ ​ကေအိုင်အိုက ​ပြောပါတယ်။

တိုက်ပွဲ​တွေဟာ ဧရာဝတီမြစ် အ​ရှေ့​ဘက်ခြမ်း​ ​ကေအိုင်အိုတပ်မဟာ ထိန်း​ချုပ်နယ်​မြေ​တွေမှာ ဖြစ်ပွား​နေပြီး​ ဌာနချုပ်လိုင်ဇာအနီး​ တပ်မဟာ ၅ ထိန်း​ချုပ်နယ်​မြေထဲမှာ​တော့​ အပြင်း​ထန်ဆုံး​ပဲလို့​ ​ကေအိုင်အို ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဦး​လနန်း​က ​ပြောပါတယ်။

“တပ်မဟာတိုင်း​မှာ တိုက်ပွဲ​တွေက​တော့​ ဖြစ်တယ်ခင်ဗျ။ မ​နေ့​က​တော့​ ဌာနချုပ်ခွင်ထဲမှာပဲ ၄ ကြိမ်ရှိတယ် ဒါ အနည်း​ဆုံး​ပေါ့​ဗျာ။ တခြား​နယ်​မြေမှာ ဖြစ်တဲ့​ သတင်း​တွေက​တော့​ အချိန်မီ​ရောက်မလာတာ ရှိတယ်။ ဖြစ်တဲ့​ဟာ​တွေက​တော့​ အချိန်တို အ​တောအတွင်း​ ဆို​ပေမယ့်​ ပြင်း​ထန်ပါတယ်။ ​ရှေ့​တန်း​မှာ အမှန်တကယ် တိုက်ပွဲဝင်​နေတဲ့​ ရဲ​ဘော်​တွေအတွက်​တော့​ ဒါ အား​လုံး​က ပြင်း​ထန်ဆုံး​ တိုက်ပွဲ​တွေပါပဲ။ သူတို့​ အဓိကထား​ အား​ကိုး​တာက​တော့​ လက်နက်ကြီး​ပါ။ သူတို့​ အမြဲတမ်း​တိုက်ပွဲတိုင်း​ လက်နက်ကြီး​နဲ့​ ပစ်တာမျိုး​တော့​ ​နေ့​စဉ်နဲ့​အမျှ လက်နက်ကြီး​နဲ့​ ပစ်တာ​ပေါ့​နော်။ တခါတ​လေကျရင် တိုက်ပွဲမရှိ​ပေမယ့်​ သူတို့​ဘက်က လာတိုက်တာမျိုး​ ရင်ဆိုင်တိုက်ခိုက်တာမျိုး​ မရှိ​ပေမယ့်​ သူတို့​ တပ်က​နေပြီး​တော့​ လက်နက်ကြီး​နဲ့​ ​နေရာတကာကို ပစ်တာမျိုး​ ဒါ အမြဲတမ်း​ သူတို့​ လုပ်​နေကြတာပါ။”

ဒီ​မေလထဲမှာ မ​နေ့​က ၉ ရက်​နေ့​အထိ တိုက်ပွဲ​ပေါင်း​ ၅၂ ကြိမ်ဖြစ်ပွား​ခဲ့​ရာမှာ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲ​တွေ အများ​ဆုံး​ဖြစ်ပြီး​ နှစ်ဘက် ထိခိုက်ဒဏ်ရာရသူ​တွေ ရှိတယ်လို့​ ဦး​လနန်း​က ​ပြောပါတယ်။ ထိခိုက်ဒဏ်ရာရသူ အ​ရေအတွက်ကို​တော့​ မသိရဘူး​လို့​ ဆိုပါတယ်။

တိုက်ပွဲ​ကြောင့်​ လိုင်ဇာဒုက္ခသည်စခန်း​ဘက် ထွက်​ပြေး​လာသူ​တွေ ​နေ့​တိုင်း​လိုရှိ​နေပြီး​ လိုင်ဇာစခန်း​တခုတည်း​မှာ ၁ ​သောင်း​ ၅ ​ထောင် ​လောက် ရှိတယ်လို့​ ​ပြောပါတယ်။

ကျဉ်း​ကျပ်တဲ့​ တဲအိမ်မှာ လူ​တွေစုပြုံ​နေကြပြီး​ ရာသီဥတုကြမ်း​တမ်း​တဲ့​အတွက် ကျန်း​မာ​ရေး​ပြဿနာက အကြီး​ဆုံး​ဖြစ်​နေတယ်လို့​ ဆိုပါတယ်။ ​ရေ​ကောင်း​ရေသန့်​ မသုံး​ရတာ၊​ သန့်​ရှင်း​မှု မရှိတာ​တွေ​ကြောင့်​ ဝမ်း​ရောဂါ၊​ ငှက်ဖျား​ရောဂါနဲ့​ အာဟာရချို့​တဲ့​ တာ​တွေ အဖြစ်များ​တယ်လို့​ ဦး​လနန်း​က ​ပြောပါတယ်။

အစိုး​ရငြိမ်း​ချမ်း​ရေး​ကိုယ်စား​လှယ်​တွေနဲ့​ ဆက်လက်​ဆွေး​နွေး​ဖို့​ကိစ္စမှာ ပြီး​ခဲ့​တဲ့​ ဧပြီ ၂၉ ရက်​နေ့​တုန်း​က ​ကေအိုင်အိုဘက်က ​တွေ့​ဆုံမယ့်​နေရာ ​ရွေး​ချယ်ပြီး​ စာပို့​ထား​ပေမယ့်​ အစိုး​ရဘက်က ဘာမှအ​ကြောင်း​မပြန်​သေး​ဘူး​လို့​ ဆိုပါတယ်။

အစိုး​ရငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်​ရေး​အဖွဲ့​ ပြန်လည်ပြင်ဆင်ဖွဲ့​စည်း​တဲ့​အထဲမှာ နိုင်ငံ​တော်အစိုး​ရရဲ့​ ဆုံး​ဖြတ်ပိုင်ခွင့်​ရှိတဲ့​ ပုဂ္ဂိုလ်​တွေ ပါလာတယ်လို့​ ​ပြောလို့​ရ​ပေမယ့်​လည်း​ လမ်း​ပြ​မြေပုံနဲ့​မူဝါဒ မ​ပြောင်း​လဲဘူး​ဆိုရင် ယုံကြည်မှု တည်​ဆောက်တာ၊​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲ​ဖော်​ဆောင်တာ အများ​ကြီး​ အချိန်ယူရဦး​မှာပဲလို့​ ဦး​လနန်း​က ​ပြောပါတယ်။

အစိုး​ရရဲ့​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲ လမ်း​ပြ​မြေပုံဟာ တဖက်သတ် ​ရေး​ဆွဲတာမဟုတ်ဘဲ တိုင်း​ရင်း​သား​တွေနဲ့​လိုက်​လျောညီ​ထွေတဲ့​ တိုင်း​ရင်း​သား​ ကိုယ်စား​လှယ်​တွေပါ ပူး​ပေါင်း​ပါဝင်​ရေး​ဆွဲတဲ့​ ​မြေပုံပဲဖြစ်သင့်​တယ်လို့​လည်း​ ဦး​လနန်း​က ​ပြောပါတယ်။

နိုင်ငံ​တော်သမ္မတက ကချင်ပြည်နယ်က စစ်ပွဲ​တွေကို ရပ်တန့်​ဖို့​ မနှစ် ဒီဇင်ဘာလကတည်း​က အမိန့်​ပေး​ထား​တာ ၅ လ ရှိသွား​ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013