တောင်အာဖရိက ကိပ်တောင်းမြို့ ဒေသခံများ ရေကိုခွဲတမ်းဖြင့် သုံးစွဲနေရ

1.6K
တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့က ဒေသခံတွေ ရေကို ခွဲတမ်းနဲ့ သုံးနေရပါတယ်။
တောင်အာဖရိကနိုင်ငံရဲ့ အကြီးဆုံးမြို့ ကိတ်ပ်တောင်းမှာ ဒေသခံတွေ လူတယောက်ကို တရက်ကို ရေလီတာ ငါးဆယ်ထက် ပိုမသုံးဖို့ ဖေဖော်ဝါရီ ၁ ရက်က စပြီး အမိန့်ထုတ်ထားပါတယ်။
စည်ပင်ကနေ ဖြန့်ဖြူးနေတဲ့ ပိုက်ရေဟာ ဧပြီလလယ်မှာ ခြောက်ခမ်း ပြတ်လပ်သွားမှာကို အရာရှိတွေက စိုးရိမ်နေကြတာပါ။
စားသောက် ဆိုင်တချို့က ရေဆေးဖို့ လိုအပ်ချက်ကို လျှော့ချနိုင်ရေး တခါသုံးခွက်တွေ စားပွဲခင်းတွေကို ပြောင်းသုံးနေကြပါတယ်။
ကမ္ဘာလှည့် ခရီးသည်တွေ လူကြိုက်များတဲ့ ဒေသတွေက ဟိုတယ်တွေကတော့ ဧည့်သည်တွေ ရေကို ခပ်မြန်မြန်ချိုးဖို့ တောင်းဆိုနေတာပါ။
ရေချွေတာဖို့ မြို့အဆင့် အားထုတ်မှုမှာ ပူးပေါင်း ပါဝင်နေပါတယ်။ မြို့ဝန်းကျင်က ဆည်တွေမှာ ရေပမာဏက ၂၅ ဒသမ ၃ ကနေ ၂၆ ဒသမ ၆ ရာခိုင်နှုန်း ထိ ကျဆင်းနေတာပါ။
မြို့ခံတချို့က ရေရဖို့ တန်းစီနေချိန်မှာ တချို့ကတော့ အိမ်သုံး ရေချွေတာရေး စနစ်တွေကို တည်ဆောက်နေပါတယ်။
ဧည့်လမ်းညွှန် တယောက်က သူ့အိမ်က သုံးပြီးသား ရေတွေကို ပြန်သွယ်ယူရင်း ရေအိမ်အတွက်သုံးတဲ့ တိုင်ကီထဲထည့်ပြီး သုံးနေပါတယ်။
ဒါပေမယ့် ဒီစနစ်က ကုန်ကျစရိတ်များလို့ လိုအပ်တဲ့ ပစ္စည်းကိရိယာ သိပ်များများ ဝယ်နိုင်ဖို့ မျှော်လင့် မထားဘူးလို့လည်း ပြောပါတယ်။
ရေအကြပ်အတည်းဟာ ကိပ်တောင်းမှာတင် ဖြစ်နေတာ မဟုတ်ပါဘူး။ တောင်အာဖရိကရဲ့ တခြားအစိတ်အပိုင်း တွေမှာလည်း မိုးခေါင်လို့ ရေဖြန့်ဖြူးမှု အခြေအနေက စိုးရိမ်စရာ ဖြစ်နေပါတယ်။
ရေရှားပါးမှုဟာ ကမ္ဘာ့လူဦးရေ ၄၀ ရာခိုင်နှုန်းကျော်ကို သက်ရောက်နေပြီး ဒီကိန်းဂဏန်းက ပိုမြင့်လာဖို့ မျှော်လင့်ထားတယ်လို့ ကုလသမဂ္ဂ အဖွဲ့ကြီးက ဆိုပါတယ်။