A d v e r t i s e m e n t With Us

မန်ချက်စတာယူနိုက်တက် ၂-၀ ဟတ်ဒါဖီးလ်ဒ် (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နာမည်ကြီးမန်ယူကအသင်းက ဟတ်ဒါဖီးလ်ဒ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ဒီပွဲမှာ နည်းပြ မော်ရင်ဟိုဟာ ကစားသမားအပြောင်းအလဲအချို့ ပြုလုပ်ထားတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့အပတ် စပါးကို ရှုံးနိမ့်ခဲ့ပွဲမှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ ပေါ့ဘာနဲ့ မာရှယ်တို့ကို ဒုတိယပိုင်းမှ ထည့်သွင်းကစားခိုင်းခဲ့ပါတယ်။ မန်ယူအသင်းဟာ အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု အပြတ်အသတ် အသာစီးယူကစားနိုင်ခဲ့ပေမယ့် ပထမပိုင်းမှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့ဘဲ ဒုတိယပိုင်းမှာမှ အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့တာပါ။ မန်ယူအသင်းအတွက် ပထမဂိုးကိုတော့ ဒုတိယပိုင်း ၅၅ မိနစ်မှာ တိုက်စစ်မှူး လူကာကူက မာတာ ဖြတ်တင်ပေးတဲ့ဘောလုံးကို အနီးကပ် ကန်သွင်းယူခဲ့တာပါ။ ဒုတိယဂိုးကိုတော့ ဆန်းချက်ဇ်က ပင်နယ်တီကနေဆင့် သွင်းယူခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းဟာ ဒီပွဲအနိုင်ကြောင့် အမှတ်ပေးဇယား ဒုတိယနေရာမှာ ရမှတ် ၅၆ မှတ်၊ ဟတ်ဒါဖီးလ်ဒ်အသင်းကတော့ ရမှတ် ၂၄ မှတ်နဲ့ အမှတ်ပေးဇယားအောက်ဆုံး ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up