DVB Logo
Home
မြန်မာသတင်း
လိုအပ်လာရင် ချစ်ကြည်​ရေး​တံတား​ပိတ်မယ်
DVB
·
May 10, 2012
လိုအပ်လာရင် ချစ်ကြည်​ရေး​တံတား​ပိတ်မယ်
1 / 2
Donate to DVB

ထိုင်း​အစိုး​ရက မူး​ယစ်ရာဇာအဖြစ် ​ကြေညာထား​တဲ့​ ဒီ​ကေဘီ​အေအဖွဲ့​ခေါင်း​ဆောင် ဗိုလ်ချုပ်နှုတ်ခမ်း​မွေး​က မူး​ယစ်​ဆေး​ဝါး​နဲ့​ ပတ်သက်မှု မရှိတဲ့​အ​ကြောင်း​ကို ပြည်တွင်း​ပြည်ပ သတင်း​စာဆရာ​တွေကို ဒီ​နေ့​မနက် ရှင်း​လင်း​ ​ပြောဆိုလိုက်ပါတယ်။

မြဝတီမြို့​နယ် အင်း​ကြင်း​မြိုင်မှာ ဒီ​နေ့​ပြုလုပ်တဲ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ ဗိုလ်နူတ်ခမ်း​မွေး​က ​ပြောကြား​လိုက်တာပါ။

ထိုင်း​ဘက်က ဗိုလ်နှုတ်ခမ်း​မွေး​ကို မူး​ယစ်ရာဇာအဖြစ် စွပ်စွဲထား​ပြီး​ ဖမ်း​ဝရမ်း​ ဆု​ငွေထုတ်ထား​တဲ့​အ​ပေါ်ကို ရှင်း​လင်း​ဖို့​အတွက် ပြည်တွင်း​ပြည်က သတင်း​ထောက်ကို ဖိတ်ကြား​ပြီး​ပြုလုပ်တာပါ။

သတင်း​ထောက်​တွေက နယ်စပ်ဂိတ်​တွေပိတ်ရတဲ့​ ​မေး​မြန်း​မှုအ​ပေါ်ကို ဗိုလ်နှုတ်ခမ်း​မွေး​က ​ဖြေကြား​သွား​တာလို့​ အဲဒီသတင်း​စာရှင်း​လင်း​ပွဲမှာ သွား​ရောက် သတင်း​ယူ​နေတဲ့​ ဒီဗွီဘီသတင်း​ထောက် ကိုဖိုး​စီက ပြန်ပါတယ်။

“ကျ​နော်တို့​ အခုလိုမျိုး​ ရင်ဆိုင်ရတဲ့​ ပြဿနာ​တွေမှာ ဂိတ်​တွေပိတ်တယ်။ အခန့်​မသင့်​ရင် ချစ်ကြည်​ရေး​တံတား​ကို ပိတ်မယ်။ ဘာ​ကြောင့်​ ချစ်ကြည်​ရေး​တံတား​ကို ပိတ်မလဲဆိုရင် မြန်မာနိုင်ငံရဲ့​ ကရင်ပြည်နယ်မှာ ရှိတဲ့​အတွက် ကျ​နော်တို့​က ကရင်လူမျိုး​တွေ ဖြစ်တယ်။ ဒါ​ကြောင့်​ အကယ်၍ ပြဿနာ အကြီး​အကျယ်ဖြစ်ရင် ဒီချစ်ကြည်​ရေး​တံတား​ကို နှုတ်ခမ်း​မွေး​ကိုယ်တိုင် ဦး​ဆောင်ပြီး​ ပိတ်မယ်။”

အခုလို ထိုင်း​အစိုး​ရက​နေ မူး​ယစ်ရာဇာအဖြစ် စွပ်စွဲထား​ပြီး​ ဖမ်း​ဝရမ်း​ ထုတ်ထား​တဲ့​အ​ပေါ်ကို ပြန်လည်​ဖြေရှင်း​နေရာတာဟာ သူအတွက် အချိန်ကုန်တယ်လို့​ တုံ့​ပြန်​ပြောဆိုပြီး​ ထိုင်း​ဝန်ကြီး​ချုပ်​ဟောင်း​သက်ဆင်ကို ခုချိန်ထိ ဘာ​ကြောင့်​တရား​ရုံမတင် နိုင်ရတာလဲဆိုပြီး​ ​မေး​ခွန်း​ထုတ်တယ်လို့​ ဆိုပါတယ်။

“ဒီလို လုပ်ခြင်း​အား​ဖြင့်​ ကျ​နော့်​မှာ အချိန်ကုန်တယ်။ ကျ​နော် ထိန်း​သိမ်း​ထား​တဲ့​ နယ်​မြေမှာ လူမှု​ရေး​၊​ ကျန်း​မာ​ရေး​၊​ ပညာ​ရေး​တွေ ဖွံ့​ဖြိုး​တိုး​တက်ဖို့​ ကျ​နော်လုပ်ရဦး​မယ်။ ​နောက် ၂ အချက်က​တော့​ သက်ဆင်ဟာ ထိုင်း​နိုင်ငံရဲ့​ ဥပ​ဒေ​ရှေ့​မှောက်မှာ ဆုံး​ဖြတ်ချက်အရ ​ထောင်ဒဏ်ကျတဲ့​အ​ကြောင်း​ ဆုံး​ဖြတ်​ပေမယ့်​ သူ့​ကိုကျ​တော့​ နိုင်ငံခြား​မှာ ထွက်​ပြေး​တိမ်း​ရှောင်​နေတာကို ဘာလို့​ အမိ မဖမ်း​သေး​ဘဲ ထိုင်း​နိုင်ငံမှာ ဥပ​ဒေရင်ဆိုင်မှု မလုပ်သလဲ​ပေါ့​နော်။ ဘာ​ကြောင့်​ ကျ​နော့်​ကို ဒီလိုလုပ်ရသလဲ​ပေါ့​။”

သစ်ထုတ်လုပ်​ရေး​၊​ စိုက်ပျိုး​ရေး​အခွန်၊​ သတ္တူတူး​ဖော်​ရေး​နဲ့​ ​မော်​တော်ယာဉ်​တွေဆီက​နေ အခွန်အခနဲ့​ ​ဒေသဖွံဖြိုး​ရေး​ လုပ်ငန်း​တွေကို လုပ်​ဆောင်​နေရတာပါလို့​ ဗိုလ်နှုတ်ခမ်း​မွေး​က သတင်း​ထောက်​တွေရဲ့​ အ​မေး​ကို ​ဖြေကြား​တယ်လို့​ ဆိုပါတယ်။

ဗိုလ်ချုပ်နှုတ်ခမ်း​မွေး​ ဦး​ဆောင်တဲ့​ ဒီ​ကေဘီ​အေအဖွဲ့​ဟာ သူတို့​ မူး​ယစ်​ဆေး​ဝါး​လုပ်​ဆောင်တာ အချိန်မ​ရွေး​ လာ​ရောက်စစ်​ဆေး​ဖို့​ အ​မေရိကန်၊​ မြန်မာနဲ့​ထိုင်း​အစိုး​ရက တာဝန်ရှိသူ​တွေကို ဖိတ်ကြား​ထား​တယ်လို့​လည်း​ ​ပြောဆိုပါတယ်။

ဒီ​နေ့​ ပြုလုပ်တဲ့​ ဒုတိယအကြိမ် သတင်း​စာရှင်း​လင်း​ပွဲကို ပြည်တွင်း​ သတင်း​ထောက် ၄၂ ဦး​နှင့်​ ထိုင်း​နိုင်ငံမှ သတင်း​ထောက် ၁၀ ဦး​ တက်​ရောက်ခဲ့​တယ်လို့​ သိရှိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013