Home
မြန်မာသတင်း
ကျောက်တံတားရှိ အသုံးမပြုဘဲ ပိတ်ထားသည့် အဆောက်ဦများ ပြုပြင်ရန် ညှိနှိုင်းမည်
ကျော်ဇေယျာဝင်း
·
February 3, 2018
ကျောက်​တံတားမြို့နယ်​အတွင်းမှာရှိတဲ့ ပြုပြင်ဖို့ ​လိုအပ်​​နေတဲ့ အဆောက်ဦတွေ၊ အသုံးမပြုဘဲ ပိတ်ထား​​တဲ့ အ​ဆောက်အဦတွေ ပြုပြင်ဖို့ အဆောက်အဦ ပိုင်ရှင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီိ ဥက္ကဋ္ဌ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ ဆဌမပုံမှန်အစည်းအဝေး (ဒုတိယနေ့)မှာ ကျောက်တံတားမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ မေးမြန်းတဲ့ ကျောက်တံတားမြို့နယ်အတွင်းရှိ အသုံးမပြုဘဲ ပိတ်ထားတဲ့ တိုက်အိုတိုက်ဟောင်းတွေကို သက်ဆိုင်ရာ ဌာနဆိုင်ရာတွေနဲ့ ချိတ်ဆက်၍ သော်လည်းကောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍သော်လည်းကောင်း ပြုပြင်ထိန်းသိမ်းခြင်းကို မြို့တော်အင်္ဂါရပ်နှင့်အညီ စီမံဆောင်မံဆောင်ရွက်ပေးရန် ရှိ၊မရှိမေးခွန်းကို ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြန်လည်ဖြေကြားခဲ့တာပါ။ “ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှာ အဆောက်အအုံပြုပြင် ထိန်းသိမ်းတဲ့ လုပ်ငန်းတွေမှာ သက်ဆိုင်ရာမြေရှင်နဲ့ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတို့နဲ့သာ သက်ဆိုင်ပြီးတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအနေနဲ့ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆောက်လုပ်ခွင့်ပြုဖို့ ဆောင်ရွက်နေပါတယ်။ လိုအပ်ရင် ပြင်ဆင်ဖို့လည်း မြို့ပြရဲ့အင်္ဂါ၊ အိမ်ရဲ့မျက်နှာစာ သန့််ရှင်းလှပဖို့အတွက် တချို့ မလွဲမသွေ ကိစ္စရပ်တွေမှာ နိုင်ငံတော် ဘက်ဂျက်ကနေ မျက်နှာစာအလှကို ကျနော်တို့ဘက်က လုပ်ပေးရတာတွေလည်း ရှိပါတယ်။ အဓိကကုန်သည်လမ်း၊ လမ်း ၄၀ နဲ့ ဗိုလ်အောင်ကျော်လမ်းက အဆောက်အအုံ ဂန္ဒီဟောကို ရှေးဟောင်းအဆောက်အအုံ BLUE တပ်ဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြထားပါတယ်။ ၃၂ လမ်းနဲ့ ၃၈ လမ်းထောင့်မှာရှိတဲ့ သုံးထပ်အဆောက်အအုံတစ်လုံးက နယ်စပ်ရေးရာ စည်ပင်သာယာရေးဘဏ်ကိုလည်း အကြောင်းကြားထားပါတယ်။ ကျောက်တံတားမြို့နယ်အတွင်းမှာ အသုံးမပြုဘဲ ပိတ်ထားသည့်အဆောက်အဦတွေကို ပြုပြင်ရန် လိုအပ်နေတဲ့အကြောင်းကို အဆောက်အဦပိုင်ရှင်များကို ပြုပြင်ဆောင်ရွက်ရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီကနေ ညှိနှိုင်းဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။” ​ကျောက်​တံတားမြို့နယ်​အတွင်းမှာ အသုံးမပြုဘဲ ပိတ်​ထား​တဲ့ အ​ဆောက်​အဦ ၄ လုံး၊ ပြုပြင်​ရန် ​လိုအပ်​​နေ​တဲ့ အ​ဆောက်​အဦ ၃ လုံး ရှိ​တယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024