DVB Logo
Home
အာရှဒေသ
ဖိလစ်ပိုင်လူပုက​လေး​များ​ရဲ့​ ကြီး​မား​တဲ့​ အိပ်မက်
DVB
·
May 10, 2012
ဖိလစ်ပိုင်လူပုက​လေး​များ​ရဲ့​ ကြီး​မား​တဲ့​ အိပ်မက်
Donate to DVB

အဝိုင်း​ပုံ​ဖောက်ထား​တဲ့​ တံခါး​မကို ဝင်လိုက်ပြီး​ နံရံမှာ ချိတ်ထား​တဲ့​ Lord of the Rings ပိုစတာ​တွေကို ဖြတ်​ကျော်လိုက်တာနဲ့​ ခင်ဗျား​ဟာ Hobbit House ဘား​ဆိုင်ထဲ ​ရောက်​နေတာကို ​တွေ့​ရပါလိမ့်​မယ်။ အဲဒီဘား​ဆိုင်ဟာ စာ​ရေး​ဆရာကြီး​ တိုကီယမ်​ရေး​တဲ့​ စိတ်ကူး​ယဉ်ဝတ္ထုတွဲကို အ​ခြေခံပြီး​ ​ဆောက်လုပ်ထား​တာပါ။ ဝတ္ထုထဲမှာပါတဲ့​ လူ​တွေ အရာဝတ္ထု​တွေအတိုင်း​ ပုံစံတူ ပြုလုပ်ထား​တဲ့​ အဲဒီ ဘား​ဆိုင်မှာ စား​ပွဲထိုး​တွေက အစ ဝတ္ထုထဲကအတိုင်း​ ဖြစ်ပါတယ်။

ဒီဘား​ဆိုင်ကို ၁၉၇၃ ခုနှစ်က စဖွင့်​ခဲ့​ပါတယ်။ စဖွင့်​ကတည်း​က စား​ပွဲထိုး​အဖြစ် လူပု​လေး​တွေကိုပဲ ငှား​ခဲ့​ပါတယ်။ အခု​တော့​ အဲဒီ လူပု​လေး​တွေဟာ ငလက်မမြို့​တော်တခုကို ​ဆောက်လုပ်ချင်​နေကြပါတယ်။ သူတို့​ကို ခွဲခြား​ ဆက်ဆန်တာမျိုး​ မရှိတဲ့​ ​နေရာမျိုး​ပေါ့​။

"အပြင်ကို ထွက်ပြီး​ လမ်း​လျှောက်လိုက်တဲ့​အခါ လူပုက​လေး​တွေ ဖြစ်ကြတဲ့​ ကျမတို့​ကို ကြည့်​ပြီး​ လူ​တွေက ရီကြတယ်"လို့​ Hobbit House ဘား​ဆိုင်မှာ ​ငွေကိုင်လုပ်တဲ့​ ခရစ်စတီနာ တိုရယ်ဘာက ​ပြောပါတယ်။ "ပထမ​တော့​ စိတ်ထဲမှာ နာကျင်ခံစား​ရတယ်။ ​နောက်​တော့​လည်း​ တဖြည်း​ဖြည်း​နဲ့​ အသား​ကျသွား​ပါတယ်။"

တိုရယ်ဘာနဲ့​ သူ့​ယောက်ျား​ဟာ ဖိလစ်ပိုင်ငလက်မအသင်း​ လို့​ခေါ်တဲ့​ အဖွဲ့​တခုမှာ အဖွဲ့​ဝင်​တွေ ဖြစ်ပါတယ်။ သည်အသင်း​ကို ၁၉၈၀ ခုနှစ်များ​အတွင်း​ တည်​ထောင်ခဲ့​တာပါ။ ပြီး​ခဲ့​တဲ့​ နှစ်က ဒီအသင်း​ကို မွမ်း​မံဖွဲ့​စည်း​ခဲ့​ပါတယ်။ အခုဆိုရင် အသင်း​ဝင်​တွေဟာ ပုံမှန် အစည်း​အ​ဝေး​တွေ လုပ်​နေပါပြီ။

သူတို့​ရဲ့​ အကြီး​မား​ဆုံး​အိပ်မက်က​တော့​ ငလက်မမြို့​တော် ဆိုတဲ့​ မြို့​သစ်တခု တည်​ဆောက်​ရေး​ပဲ ဖြစ်ပါတယ်။ သူတို့​လို လူပု​လေး​တွေအတွက် သီး​သန့်​ တည်​ဆောက်ထား​တဲ့​ ​နေရာဖြစ်ပါမယ်။ အဲဒီ​နေရာဟာ ​နောက်ပိုင်း​မှာ ခရီး​သွား​တွေအတွက် လည်ပတ်ကြည့်​ရှုစရာ ​နေရာတခုလည်း​ ဖြစ်လာနိုင်ပါတယ်။ အဲဒီစီမံချက်အတွက် မွန်တယ်ဘန်မြို့​နား​က တဧကခွဲ​လောက် ရှိတဲ့​ ​မြေလွတ်​မြေရိုင်း​နေရာတခုကို လျာထား​ပါတယ်။

"အဲဒီ​နေရာကို သူ​ဌေး​တ​ယောက်က လှူထား​တာပါ။ ဒါ​ပေမယ့်​ အခုထက်ထိ မြက်ရိုင်း​တော အဆင့်​မှာပဲ ရှိ​သေး​တယ်"လို့​ အဖွဲ့​ရဲ့​ ​ပြော​ရေး​ဆိုခွင့်​ရှိသူ အက်ဒဝဒ်ဗီတိုက ရှင်း​ပြပါတယ်။

အဲဒီ​နေရာမှာ သီး​ခြား​ပုံစံရှိတဲ့​ အိမ်​တွေနဲ့​ ဘား​ဆိုင်တခု၊​ ဘုရား​ကျောင်း​တခု၊​ လက်​ဆောင်ပစ္စည်း​ဆိုင်တခု ​ဆောက်လုပ်ဖို့​ အဖွဲ့​က စီမံကိန်း​ဆွဲ​နေပါတယ်။

ငလက်မမြို့​တော်​တွေဟာ အရင်ကလည်း​ ရှိ​နေခဲ့​ပါတယ်။ လတ်တ​လော ​ဆောက်လုပ်ပြီး​စီး​တာက တရုတ်နိုင်ငံ ကူမင်း​မြို့​မှာ ရှိတဲ့​ ငလက်မမြို့​တော်ပါ။ အဲဒီမှာ အိမ်​တွေကို မှိုပွင့်​ပုံသဏ္ဌာန် ​ဆောက်ထား​ပြီး​ ​နေတဲ့​သူ​တွေကလည်း​ ဒဏ္ဍာရီပုံပြင်​တွေထဲက လူ​တွေလို ထူး​ထူး​ဆန်း​ဆန်း​ ဝတ်ဆင်ထား​ကြပါတယ်။

ဖိလစ်ပိုင်က ငလက်မမြို့​တော် ​ဆောက်လုပ်ဖို့​ အသင့်​ဖြစ်တဲ့​အချိန်မှာ ​နောက်ထပ် လူပုက​လေး​တွေ အဖွဲ့​ထဲကို ဝင်လာမယ်လို့​ ​မျှော်လင့်​ထား​ပါတယ်။ အစိုး​ရကလည်း​ ဒီစီမံကိန်း​ကို ​ထောက်ပံ့​ကူညီမယ်လို့​ ​ပြောပါတယ်။

"သူတို့​အသိုင်း​အဝိုင်း​အတွက် မြို့​က​လေး​ဆောက်ဖို့​ ရင်း​နှီး​မြှုပ်နှံမယ့်​ သူတ​ယောက်ကို ရ​အောင် အစိုး​ရက အကူအညီ​ပေး​နေပါတယ်"လို့​ ရီယာ ဒယ်လာက်စ်က ​ပြောပါတယ်။ သူဟာ အစိုး​ရရဲ့​ အိမ်ရာဝယ်ယူ​ရေး​ ​ချေး​ငွေအဖွဲ့​ တခုဖြစ်တဲ့​ အိုး​အိမ်ဖွံ့​ဖြိုး​ရေး​ ​ထောက်ပံ့​မှုရန်ပုံ​ငွေအဖွဲ့​ရဲ့​ အတွင်း​ရေး​မှူး​ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ လူပုက​လေး​တွေ ဘယ်​လောက်ရှိသလဲ ဆိုတာကို အစိုး​ရက တရား​ဝင် ထုတ်ပြန်ထား​ခြင်း​ မရှိပါဘူး​။ ဒါ​ပေမယ့်​ လူပု​လေး​တွေဟာ မြို့​တော်မနီလာကို အလုပ်လုပ်ဖို့​ ​ရွှေ့​ပြောင်း​လာကြတဲ့​အတွက် မနီလာမြို့​ထဲမှာ အလွယ်တကူ ​တွေ့​နိုင်ပါတယ်။

တခြား​နေရာ​တွေမှာ အရပ်က ​ပေမမီတဲ့​အတွက် အလုပ်ရဖို့​ ခက်ပါတယ်။ ဒါ​ပေမယ့်​ Hobbit House ဘား​ဆိုင်က​တော့​ လူပု​လေး​တွေအတွက် အလုပ်ရနိုင်တဲ့​ ရှား​ရှား​ပါး​ပါး​ ​နေရာတခုပါ။ ပုံမှန်ရုံး​တွေနဲ့​ တခြား​ကလပ်​တွေမှာ ဆိုရင်​တော့​ အလုပ်​လျှောက်မယ့်​သူဟာ အရပ်ဘယ်​လောက်မြင့်​ရမယ်ဆိုပြီး​ ကန့်​သတ်ချက် ရှိတတ်ပါတယ်။ များ​သောအား​ဖြင့်​ အရပ်ကို ၁ မီတာထက် ပိုရမယ်လို့​ သတ်မှတ်ထား​တယ်။ ၁ မီတာ​ကျော်မှပဲ ပိုပြီး​စွဲ​ဆောင်မှုရှိမယ်လို့​ ယူဆကြပါတယ်။

“Hobbit House ဘား​ဆိုင်က ကျ​နော်တို့​ကို အလုပ်ရ​အောင် ကူညီ​ပေး​ပါတယ်"လို့​ ဘား​ဆိုင်မှာ မန်​နေဂျာ လုပ်​နေတဲ့​ အသက် ၅၉ နှစ်အရွယ် ပီဒွိုင် ဖယ်တာလီနိုက ​ပြောပါတယ်။ "ဒီ​နေရာဟာ လူပု​လေး​တွေ အချင်း​ချင်း​ ကူညီတဲ့​နေရာပါ။ အခုဆိုရင် လူပု​လေး​တွေရဲ့​ အ​ရေအတွက်ဟာ တိုး​ပွား​လာ​နေပါတယ်။ တည်ငြိမ်တဲ့​အလုပ်တခုကို ရထား​တဲ့​ လူပု​လေး​ အနည်း​အကျဉ်း​ထဲမှာ ကျ​နော်ဟာ တ​ယောက်ပါ။"

ဖျော်​ဖြေ​ရေး​လုပ်ငန်း​တွေမှာ​တော့​ လူပု​လေး​တွေကို အကူလက်​ထောက် အ​နေနဲ့​ ဖြစ်ဖြစ် ဒါမှမဟုတ် လူအ​မြောက်ဆန်အ​နေနဲ့​ ဖြစ်ဖြစ် ငှား​ရမ်း​တတ်ပါတယ်။ သူတို့​ရတဲ့​ အခ​ကြေး​ငွေဟာ သာမန် အရပ်အမြင့်​ရှိတဲ့​သူ​တွေ ရတဲ့​ အခ​ကြေး​ငွေထက် ၂၀ ရာခိုင်နှုန်း​ ​လျော့​နည်း​နေတတ်ပါတယ်။

ခရစ်စတီနာ တိုရယ်ဘာ က​တော့​ ဖိလစ်ပိုင်လူပု​လေး​တွေအတွက် သီး​ခြား​နေအိမ်သစ် ဖြစ်​ပေါ်လာတဲ့​အထိ မ​စောင့်​နိုင်ဘူး​လို့​ပြောပါတယ်။

"ကျမတို့​ မနီလာမှာ ​နေရာတခု ငှား​ထား​တာ ကြာပြီ။ မှန်ကန်တဲ့​ ​ထောက်ပံ့​ကူညီမှု ရမယ်ဆိုရင် ကျမတို့​လည်း​ တခြား​သူ​တွေလို ​အောင်မြင်လိမ့်​မယ်လို့​ပဲ ကျမ ယုံကြည်တယ်" လို့​ သူက ​ပြောပါတယ်။

(လွတ်လပ်​သောအင်ဒိုနီး​ရှား​ ​ရေဒီယိုသတင်း​ဌာနတခု ဖြစ်သည့်​ KBR68H ၏ ​အေး​ရှား​ကောလင်း​ ​ရေဒီယိုအစီအစဉ်တွင် ထုတ်လွှင့်​ခဲ့​သော ​ဆောင်း​ပါး​ဖြစ်သည်။ ယင်း​အစီအစဉ်ကို အာရှနိုင်ငံ ၁၀ နိုင်ငံတွင် သက်ဆိုင်ရာနိုင်ငံ၏ ဘာသာစကား​များ​ဖြင့်​ ထုတ်လွှင့်​နေပါသည်။ ​အေး​ရှား​ကောလင်း​ ​ရေဒီယိုအစီအစဉ်မှ ထုတ်လွှင့်​ခဲ့​သော အခြား​သတင်း​ဆောင်း​ပါး​များ​ကို www.asiacalling.org တွင် ဖတ်ရှုနိုင်ပါသည်။)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013