အမေရိကန်တွင် ၁၂ နှစ်အရွယ် မိန်းကလေးက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ၅ ဦး ဒဏ်ရာရ

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် လော့အိန်ဂျလိမြို့က အလယ်တန်းကျောင်း တကျောင်းမှာ ၁၂ နှစ် အရွယ် မိန်းကလေးတယောက်က သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ လူ ၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်က ဆယ်လ်ကတ်စထရို အလယ်တန်းကျောင်းမှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ ၁၂ နှစ်အရွယ် မိန်းကလေးကို သက်ဆိုင်ရာက ဖမ်းဆီးထိန်းသိမ်းထားရပါတယ်။ အခုလို ပစ်ခတ်မှုကြောင့် ၁၅ နှစ်အရွယ် ကျောင်းသားတယောက်ရဲ့ ခေါင်းကို သေနတ်ထိမှန်ခဲ့ပြီး အရေးပေါ်အခြေအနေ ရှိပေမယ့် အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ သိရပါတယ်။ ၁၅ နှစ်အရွယ် ကျောင်းသူတယောက်ရဲ့ လက်ကောက်ဝတ်ကိုလည်း ကျည်ထိ မှန်ခဲ့ပါတယ်။ သေနတ်နဲ့ပစ်ခဲ့တဲ့ မိန်းကလေးဟာ ကျောင်းသူဟုတ်မဟုတ်ကိုတော့ အတိအကျ မသိရသေးပါဘူး။ “ကျနော်တို့ ပြောနိုင်တာက သံသယရှိသူကို ထိန်းသိမ်းထားတယ်။ ကျနော်တို့ စုံစမ်းနေပါတယ်။ သူ့ကို စစ်ဆေးနေတယ်။ မျက်မြင်တွေ့ခဲ့တဲ့ ကျောင်းသားတွေနဲ့လည်း မေးမြန်းနေပါတယ်။ ဒီလောက်ပါပဲ။ သံသယရှိသူက အသက် ၁၂ နှစ်လို့ ကျနော်တို့ အတည်ပြုထားပါတယ်။ ကျေးဇူးတင်ပါတယ်” လို့ လော့အိန်ဂျလိ ရဲအရာရှိ ခရစ္စရာမီရက်ဇ် က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up