DVB Logo
Home
မြန်မာသတင်း
နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​များ​ ဩစ​တြေး​လျတွင် ပညာသင်ကြား​နိုင်​ရေး​ ​ဆွေး​နွေ
DVB
·
May 10, 2012
နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​များ​ ဩစ​တြေး​လျတွင် ပညာသင်ကြား​နိုင်​ရေး​ ​ဆွေး​နွေ
Donate to DVB

နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​တွေ ဩစ​တြေး​လျက တက္ကသိုလ်​တွေမှာ ပညာ သင်နိုင်​ရေး​အတွက် ဩစ​တြေး​လျအစိုး​ရ ​ခေါင်း​ဆောင်​တွေနဲ့​ ​တွေ့​ဆုံတဲ့​အခါမှာ ​တောင်း​ဆိုခဲ့​တယ်လို့​ လွှတ်​တော်အမတ် ​ဒေါ်စန္ဒာမင်း​က ​ပြောပါတယ်။

[caption id="attachment_25173" align="alignleft" width="421" caption="ဦးဖြိုးမင်းသိန်း​၊​ Janelle Saffin၊​ဒေါ်စန္ဒာမင်း၊ ဩစတြေးလျဝန်ကြီးချုပ်၊ ဦးဖြိုးဇေယျာသော်"][/caption]

“နိုင်ငံ​ရေး​အကျဉ်း​သား​ဆိုတာက ဘယ်နှခါပဲ ​ထောင်ကျကျ တိုင်း​ပြည်ထဲမှာပဲ ​နေပြီး​တော့​ တိုင်း​ပြည်အတွက်ကို လုပ်​ပေး​နိုင်တဲ့​ အ​ခြေအ​နေအရ တိုင်း​ပြည်ကိုပဲ လုပ်​ပေး​ချင်တဲ့​ ဆန္ဒက ၉၀ ရာခိုင်နှုန်း​ ရှိပါတယ်လို့​ အဲဒီအတွက် သူတို့​ကို ကျမတို့​က အခု ခါး​တပိုင်း​ ပြတ်သွား​တယ်၊​ ခါး​တပိုင်း​ ပြတ်သွား​လို့​ သူတို့​တွေ လွှတ်​တော်ထဲကို ​ရောက်မယ်ဆိုရင်​ရော သူတို့​ကို ပညာမတတ်တဲ့​ လူ​တွေလို့​ တချိန်ကျရင် အ​ပြောခံရဦး​မယ်။ အဲဒီအခါကျ​တော့​ အဲဒီလို အ​ပြောမခံထိ​အောင် ကျမတို့​ဘက်ကလည်း​ ပြည့်​ဝ​အောင် လုပ်​ပေး​ချင်တယ်။”

နိုင်ငံ​ရေး​အကျဉ်း​သား​တွေဆီမှာ ​ငွေ​ရေး​ကြေး​ရေး​နဲ့​ ပညာ​ရေး​ပိုင်း​မှာ အကန့်​အသတ်​တွေ ရှိ​နေ​သေး​တာ​ကြောင့်​ သူတို့​ကို ခြွင်း​ချက်အ​နေနဲ့​ စဉ်း​စား​ပေး​ဖို့​ကိုလည်း​ ပညာ​ရေး​ဝန်ကြီး​နဲ့​ ​တွေ့​ဆုံတဲ့​အခါမှာ ​တောင်း​ဆိုခဲ့​တယ်လို့​ ​ဒေါ်စန္ဒာမင်း​က ​ပြောပါတယ်။

“အခုမှ အကျဉ်း​ထောင်ထဲက ထွက်လာခဲ့​တဲ့​ တက္ကသိုလ်​ကျောင်း​သား​ တပိုင်း​တစရှိ​နေတဲ့​ ​ကျောင်း​သား​တွေကို ကျမတို့​ တက္ကသိုလ် သူတို့​မှာ ရှိတဲ့​ မြို့​ကြီး​တွေက​နေပြီး​တော့​ တက္ကသိုလ်တခုစီက​နေပြီး​တော့​ ကျမတို့​ကျောင်း​သား​ တနှစ်ကို တ​ယောက်နှစ်​ယောက် တကယ်ကို မြန်မာနိုင်ငံကို ပြန်လာပြီး​တော့​ မြန်မာ့​နိုင်ငံ​ရေး​ရဲ့​ အ​ရေး​ကိစ္စ​တွေမှာ ​ရှေ့​ဆက်လှုပ်ရှား​ပေး​ဖို့​အတွက်ကို လုပ်​ပေး​နိုင်မယ့်​လူ​တွေကို ​ရွေး​ချယ်ပြီး​တော့​ ကျမတို့​ကို စပွန်စာလုပ်​ပေး​ပါ။ ဒီ​ကျောင်း​သား​တွေကို ကျမတို့​ IELT သူက ​ဖြေခိုင်း​မယ်ဆိုရင် ကျမတို့​ အဆင်မ​ပြေပါဘူး​။ ဘာဖြစ်လို့​လဲဆို​တော့​ IELT ​ဖြေဖို့​ ​ငွေ ၃ သိန်း​လောက် လိုပါတယ်။ ဒီ ၃ သိန်း​ကို ကျမတို့​ရဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေက မ​ပေး​နိုင်ပါဘူး​။ အဲဒီအတွက် သူတို့​ကို အခု သူတို့​ လက်ရှိအ​ခြေအ​နေနဲ့​ ကျမတို့​ ဩစ​တြေး​လျကို စပွန်စာလုပ်​ပေး​ပါ။ ဒီမှာ အင်္ဂလိပ်စာ အ​ခြေခံသင်​ပေး​ပါ။ ပြီး​တော့​မှ သူတို့​ သင်နိုင်တဲ့​ ပညာကို ဆက်သင်​ပေး​ပါဆိုပြီး​ ကျမတို့​ အဲဒီလို ​တောင်း​ဆိုခဲ့​တယ်။ အဲဒါကို သူက အထူး​ပဲ သ​ဘောကျတယ်။”

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ​ဒေါ်စန္ဒာမင်း​၊​ ဦး​ဖြိုး​မင်း​သိန်း​၊​ ဦး​ဖြိုး​ဇေယျာ​သော်တို့​ဟာ ဩစ​တြေး​လျ​လေဘာပါတီက စီစဉ်​ပေး​တဲ့​ နိုင်ငံ​ရေး​သင်တန်း​ကို တက်​ရောက်ဖို့​ ပြီး​ခဲ့​တဲ့​ အပတ်က ​ရောက်​နေတာပါ။

ဒီခရီး​စဉ်အတွင်း​မှာ ဩစ​တြေး​လျဝန်ကြီး​ချုပ်၊​ နိုင်ငံခြား​ရေး​ဝန်ကြီး​၊​ ​လေဘာပါတီက ​ခေါင်း​ဆောင်​တွေနဲ့​ ​တွေ့​ဆုံခဲ့​စဉ်မှာ မြန်မာပြည်က နိုင်ငံ​ရေး​အ​ခြေအ​နေ​တွေကို ရှင်း​ပြသလို နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​တွေ ပညာသင်ကြား​နိုင်​ရေး​အတွက် ​ဆွေး​နွေး​ခဲ့​တယ်လို့​ ​ဒေါ်စန္ဒာမင်း​က ​ပြောပါတယ်။

ဩစ​တြေလျနိုင်ငံ​ရေး​ခေါင်း​ဆောင်​တွေနဲ့​ ​တွေ့​တဲ့​အခါ ​ဆွေး​နွေး​ဖြစ်တဲ့​ ကိစ္စ​တွေကို ဦး​ဖြိုး​မင်း​သိန်း​က အခုလို​ပြောပါတယ်။

“နိုင်ငံ​ရေး​ကိစ္စနဲ့​ ပတ်သက်ပြီး​တော့​ သူတို့​ စိတ်ဝင်စား​တာက မြန်မာနိုင်ငံမှာ ၂၀၁၅ မတိုင်ခင်မှာ အ​ပြောင်း​အလဲ ဘယ်​လောက်ဖြစ်နိုင်မလဲ​ပေါ့​ဗျာ။ ၂၀၁၅ ​ရွေး​ကောက်ပွဲဟာ တကယ့်​ဒီမိုက​ရေစီ​ရွေး​ကောက်ပွဲကြီး​ တခုအ​နေနဲ့​ ဖြစ်လာနိုင်မလား​ပေါ့​နော်။ ဒါ​ကြောင်မို့​ ၂၀၁၅ မတိုင်ခင်မှာ အ​ပြောင်း​အလဲ​တွေ ဘယ်လို ဖြစ်နိုင်မလဲ​ပေါ့​။ ဒါ​ပေမယ့်​ သူတို့​က စီး​ပွား​ရေး​ပိတ်ဆို့​အ​ရေး​ယူတာနဲ့​ ပတ်သက်ပြီး​တော့​ သူတို့​ဘက်က ထား​ရှိတဲ့​ သ​ဘောထား​က​တော့​ ​နောက်​ကြောင်း​ပြန်မလှည့်​ဖို့​အတွက် သူတို့​ စီး​ပွား​ရေး​ပိတ်ဆို့​အ​ရေး​ယူမှုကို အဓိက သတိထား​တယ်။ အဲဒီအ​ပေါ်က​နေပြီး​တော့​ လိုအပ်လာမယ်ဆိုရင် သူတို့​ ချက်ချင်း​အ​ရေး​ယူမှုတခု ပြန်လည်လုပ်နိုင်ဖို့​အတွက် အစိုး​ရအဖွဲ့​ကို လွှဲထား​တယ်​ပေါ့​ တာဝန်​တွေ လွှဲထား​တယ်။ ဒီပုံစံနဲ့​ သူတို့​ဆောင်ရွက်​နေတဲ့​အ​ကြောင်း​ ကျ​နော်တို့​ကို ရှင်း​ပြပါတယ်။”

ဩစ​တြေး​လျအစိုး​ရဟာ မကြာခင်တုန်း​ကပဲ မြန်မာပြည်အ​ပေါ် ဒဏ်ခတ်ပိတ်ဆို့​မှု​တွေကို ဆိုင်း​ငံ့​ထား​လိုက်ပြီး​ မြန်မာနိုင်ငံအတွက် နိုင်ငံခြား​ထောက်ပံ့​ငွေကိုလည်း​ အရင်ထက် ၂ ဆတိုး​ပြီး​ ဩစ​တြေး​လျ ​ဒေါ်လာ သန်း​ ၁၀၀ အထိ ​ထောက်ပံ့​မယ်လို့​ ​ကြေညာထား​ပါတယ်။

မြန်မာလွှတ်​တော်အမတ်​တွေနဲ့​ ​တွေ့​ခဲ့​တဲ့​ ဩစ​တြေး​လျ ​လေဘာအမတ် Janelle Saffin က မြန်မာပြည်က လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု​တွေကို အနီး​ကပ်​စောင့်​ကြည့်​သွား​ဖို့​ မြန်မာအမတ်​တွေက ​တောင်း​ဆိုတဲ့​အတိုင်း​ ​ဆောင်ရွက်သွား​မယ့်​အ​ကြောင်း​ ​ကြေညာချက် ထုတ်ပြန်ထား​ပါတယ်။

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်လွှတ်​တော်အမတ် ၃ ဦး​ရဲ့​ ဩစ​တြေလျခရီး​ဟာ ​လေဘာပါတီက ဖွံ့​ဖြိုး​ဆဲနိုင်ငံ​တွေက နိုင်ငံ​ရေး​သမား​တွေကို နိုင်ငံ​ရေး​ သင်တန်း​ပေး​တဲ့​ အစီအစဉ်ရဲ့​ အစိတ်အပိုင်း​ဖြစ်ပြီး​ ​နောက်ထပ်လည်း​ မြန်မာအမတ်တချို့​ကို ​ခေါ်ယူဖို့​ အစီအစဉ်ရှိတယ်လို့​ ဦး​ဖြိုး​မင်း​သိန်း​က ​ပြောပါတယ်။

မြန်မာလွှတ်​တော်အမတ်​တွေမှာ တနင်္ဂ​နွေ​နေ့​မှာ မြန်မာပြည်ကို ပြန်လာကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013