Home
မြန်မာသတင်း
မတ္တရာတွင် စက်ကိရိယာတပ်ထားသည့် လင်းယုန်ငှက် ၁ ကောင် တွေ့ရှိ
DVB
·
February 2, 2018
မတ္တရာမြို့နယ်မှာ စက်ကိရိယာတပ်ဆင်ထားတဲ့ လင်းယုန်ငှက် ၁ ကောင် တွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်မနက်က ကျော်ခိုင်ဝင်းဟာ မတ္တရာမြို့နယ် တောင်ယာကြီးကွင်း ရှားပြန့်တောမှာ ထင်းခုတ်ဖို့သွားရာ ဦးခေါင်းမှ အမြီးဖျားထိ ၂ ပေခန့်၊ အမြင့် ၁ ပေခွဲခန့်၊ တောင်ပံ ဝဲမှယာထိ ၄ ပေခန့်ရှိ ဝဲပေါင်ကျိုးနေတဲ့ ဖြူ/ညိုရောင် လင်းယုန်ငှက် ၁ ကောင်အားတွေ့ရှိဖမ်းမိခဲ့တာပါ။ လင်းယုန်ငှက်ရဲ့ ကျောမှာ သိုင်းကြိုးနဲ့ MWB-1605 စာတန်းပါ စက် ၁ လုံး (စိစစ်ဆဲ) နဲ့ ဝဲခြေထောက်မှာ 272 ORNITH-LABINISTBIOL MONGLIA စာတန်းပါ သတ္တုကွင်း ၁ ကွင်း တပ်ထားတယ်လို့ဆိုပါတယ်။ ဒီလင်းယုန်ငှက်ကို ကျော်ခိုင်ဝင်းက ရက်ကန်းစင်တောင်ပေါ် ဘုန်းကြီးကျောင်း ဆရာတော်ကို လှူဒါန်းခဲ့ကြောင်း သတင်းအရ ရေနံ့သာနယ်မြေရဲစခန်း တာဝန်ရှိသူတွေက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြပါတယ်။ ဒီနောက် ဥက္ကံသစ်တောဘိနယ် တောခေါင်းနဲ့အဖွဲ့က လင်းယုန်ငှက်ကို လွှဲပြောင်းလက်ခံခဲ့ပြီး မတ္တရာမြို့နယ် သစ်တောဦးစီးဌာနရုံးကို သယ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ပုံ - ပြည်ထဲရေး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024