မြန်မာအလုပ်သမတဦး ဘတ် ၆ သန်းဖိုး ထိုင်းထီပေါက်

ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့မှာ မြန်မာရွှေ့ပြောင်းအလုပ်သမတဦး ဘတ် ၆ သန်းဖိုး ထိုင်းထီ ပထမဆုပေါက်သွားတယ်လို့ ဒေးလီနယူးစ်သတင်းမှာ ဖော်ပြပါတယ်။ အဆိုပါ မိန်းကလေးမှာ အသက် ၂၁ နှစ်ရွယ် သီရိရွှေစင် (ခန့်မှန်းအမည်) ဆိုသူဖြစ်ပြီး ထုန့်ယိုင်ရပ်ကွက် စက်ရုံတရုံမှာ အလုပ်လုပ်နေတာဖြစ်ကြောင်း၊ ဒီလဆန်း ဖေဖော်ဝါရီ ၁ ရက်နေ့က ထွက်လာတဲ့ ထီပေါက်စဉ်မှာ ပေါက်ဂဏန်းနံပါတ် 026853 နဲ့ ပထမဆု ထိုင်းဘတ် ၆ သန်း ရခဲ့တာလို့ ဆိုပါတယ်။ သူမဟာ ထိုင်းနိုင်ငံထဲကို လွန်ခဲ့တဲ့ ၆ လလောက်ကမှ ရောက်လာတာဖြစ်ပြီး ထိုင်းစကားတောင် နားမလည်သေးကြောင်း၊ တနေ့က စက်ရုံရှေ့မှာ ထီလက်မှတ် လာရောင်းတော့ တစ်စောင်ဝယ်ခဲ့ပြီး မထင်မှတ်ဘဲ ထီပေါက်သွားတာ အံ့သြဝမ်းသာမဆုံး ဖြစ်ရတယ်လို့ သူမက စကားပြန်မှတဆင့် သတင်းထောက်ကို ပြောပါတယ်။ သူမဟာ အိမ်ထောင်မရှိသူတယောက်ဖြစ်ပြီး ထီပေါက်တဲ့ငွေတွေနဲ့ မိဘကို ပြန်ထောက်ပံ့မှာ ဖြစ်ကြောင်း၊ ဘတ် ၆ သန်းဆိုတဲ့ငွေဟာ မြန်မာငွေ သန်းပေါင်း ၂၄၀ နဲ့ ညီမျှတဲ့ အတွက် မြန်မာပြည်မှာ အေးဆေးစွာ ရင်းနှီးလုပ်ကိုင်နိုင်ပြီမို့ စက်ရုံက အလုပ်ထွက်ပြီး မြန်မာပြည် အပြီးပြန်ဖို့ ဆုံးဖြတ်ထားကြောင်း သတင်းထောက်ကို ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up