Home
မြန်မာသတင်း
ဖားကန့်တွင် ကျပ်သိန်း ၅၀၀၀ ခန့်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ
DVB
·
February 2, 2018
ဖားကန့်မြို့နယ်မှာ ကျပ်သိန်း ၅၀၀၀  လောက် တန်ဖိုးရှိ ဘိန်းဖြူတွေ ဖမ်းဆီးရမိတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၁၁ နာရီက တပ်မတော်နဲ့ မူးယစ်တပ်ဖွဲ့စု (၃) မိုးညှင်းမှ ပူးပေါင်းအဖွဲ့တွေဟာ မူးယစ်ဆေးဝါးသတင်းအရ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအုပ်စု၊ ဆပ်ပြာချောင်းကျေးရွာအထွက် ဟိုပင်-လုံးတုံ-ဝှေခါကားလမ်းမှာ ညွန့်မောင် မောင်းနှင်ပြီး မခင်နှင်းအေး လိုက်ပါလာတဲ့ မော်တော်ယာဉ်ကို ရှာဖွေရာကနေ ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။ မော်တော်ယာဉ်ရဲ့နောက်ခန်း ထိုင်ခုံအောက်အံဝှက်နဲ့ နောက်ကြမ်းခင်း အံဝှက်တွေ အတွင်းမှာ ငွေကျပ် ၄၉၁၁ ဒသမ ၅ သိန်း တန်ဖိုးရှိ ဘိန်းဖြူဆပ်ပြာခွက် ၅၁၇ ခွက်၊ ဘိန်းဖြူ အလေးချိန် ၅ ဒသမ ၁၇ ကီလို သိမ်းဆည်းရမိခဲ့တယ်ုလို့ သတင်းမှာ ဖော်ပြပါတယ်။ ကွင်းဆက်စစ်ဆေးချက်အရ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ၊ ဖားပြင်ရပ်ကွက် ရွာလယ်လမ်း တံတားထိပ်မှာ စန်းဖာဆိုသူကို ထပ်မံဖမ်းဆီးခဲ့ပြီး သူတို့ ၃ ဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရပါတယ်။ ဓာတ်ပုံ - ပြည်ထဲရေး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024