A d v e r t i s e m e n t With Us

တရုတ်တွင် အထပ် ၂၀ ရှိ အဆောက်အဦတခု မီးလောင်

တရုတ်နိုင်ငံ အလယ်ပိုင်း ဟီနန်ပြည်နယ်ရဲ့ မြို့တော်ကျန်းကျိုမှာ  ဖေဖော်ဝါရီ ၁ ရက်က အထပ် ၂၀ ရှိတဲ့ ရုံးအဆောက်အဦတခု မီးလောင်ခဲ့ပြီး ထိခိုက်သေဆုံးမှုတော့ မသိရသေးဘူးလို့ အစိုးရရုပ်သံ စီစီတီဗွီက သတင်းထုတ်ပြန်ပါတယ်။ အဆောက်အဦရဲ့ အရှေ့ဘက် တခြမ်းလုံး မီးလောင်နေပြီး တခြားအပိုင်းတွေ ကူးစက်မှာကို ကယ်ဆယ်ရေးသမားတွေက စိုးရိမ်နေပါတယ်။ မီးသတ်သမားတွေက မီးကို ကြိုးစား ငြှိမ်းသတ်နေပါတယ်။ ၁၇ ထပ်မြောက် အထပ်မှာ မီးစလောင်တာဖြစ်ပြီး လျှပ်ကာပစ္စည်းတွေ မီးစွဲလောင်ခဲ့တယ်လို့ သတင်းက ဆိုပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်း စစ်ဆေးနေဆဲပါ။

A d v e r t i s e m e n t With Us

More News
Up