DVB Logo
Home
မြန်မာသတင်း
မြန်မာ့​ခရီး​သွား​လုပ်ငန်း​ကို ကမ္ဘာ့​ခရီး​သွား​လုပ်ငန်း​အဖွဲ့​က ကူညီမည်ဟု ကတိပြု
DVB
·
May 10, 2012
မြန်မာ့​ခရီး​သွား​လုပ်ငန်း​ကို ကမ္ဘာ့​ခရီး​သွား​လုပ်ငန်း​အဖွဲ့​က ကူညီမည်ဟု ကတိပြု
Donate to DVB

ကမ္ဘာ့​ခရီး​သွား​လုပ်ငန်း​အဖွဲ့​က မြန်မာနိုင်ငံ ခရီး​သွား​လုပ်ငန်း​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​အတွက် အကူအညီ​ပေး​သွား​မယ်လို့​ ​ပြောဆိုလိုက်တာကို မြန်မာ့​ခရီး​သွား​လုပ်ငန်း​ အင်တာနက် ဝက်ဘ်ဆိုက်မှာ ​ဖော်ပြပါတယ်။

ကမ္ဘာ့​ခရီး​သွား​လုပ်ငန်း​အဖွဲ့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ချုပ် Dr. Taleb Rifai နဲ့​ အာရှ ပစိဖိတ်​ဒေသဆိုင်ရာ ညွှန်ကြား​ရေး​မှူး​ Mr. Xu Jing တို့​ ​မေ ၆ ရက်​နေ့​က ​နေပြည်​တော်မှာ ဟိုတယ်နဲ့​ခရီး​သွား​လုပ်ငန်း​ဝန်ကြီး​ ဦး​တင့်​ဆန်း​နဲ့​ ​တွေ့​ဆုံပွဲမှာ ​ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဒီလိုအကူအညီကို နည်း​လမ်း​သုံး​ခုနဲ့​ ကူညီမှာဖြစ်ပြီး​ ပထမနည်း​လမ်း​က မြန်မာနိုင်ငံက ခရီး​သွား​လုပ်ငန်း​ဆိုင်ရာ သင်တန်း​ကျောင်း​တွေကို ကျွမ်း​ကျင်တဲ့​ စစ်​ဆေး​ရေး​အဖွဲ့​တွေ ​စေလွှတ်စစ်​ဆေး​ပြီး​ အသိအမှတ်ပြုလက်မှတ် ထုတ်​ပေး​တာ၊​ ဒုတိယနည်း​က ကမ္ဘာ့​ခရီး​သွား​လုပ်ငန်း​အဖွဲ့​ ဌာနချုပ်တွင် ဟိုတယ်နှင့်​ခရီး​ သွား​လာ​ရေး​ လုပ်ငန်း​ဝန်ကြီး​ဌာနရဲ့​ ကိုယ်စား​လှယ်​တွေကို ​လေ့​ကျင့်​သင်ကြား​ပေး​တာ၊​ တတိယနည်း​လမ်း​က ကျွမ်း​ကျင်ပညာရှင်​တွေကို မြန်မာပြည်ကို ​စေလွှတ်ပြီး​ ခရီး​သွား​လုပ်ငန်း​ဆိုင်ရာ အလုပ်ရုံ​ဆွေး​နွေး​ပွဲ ​တွေ၊​ သင်တန်း​တွေကို ပုဂ္ဂလိကနှင့်​ အစိုး​ရကဏ္ဍများ​အတွက် ဖွင့်​လှစ်ကျင်း​ပ​ပေး​ခြင်း​တို့​ ဖြစ်ပါတယ်။

ဒါ့​အပြင် ခရီး​သွား​လုပ်ငန်း​ကဏ္ဍတွင် အ​ခြေခံအ​ဆောက်အဦ ဖွံ့​ဖြိုး​တိုး​တက်​ရေး​နှင့်​ ခရီး​သွား​လုပ်ငန်း​ ​ဈေး​ကွက်မြှင့်​တင်​ရေး​ ကဏ္ဍသည်လည်း​ အ​ရေး​ကြီး​ပါ​ကြောင်း​၊​ အခုအခါ မြန်မာပြည်ကို ကမ္ဘာက သိရှိလာပြီဖြစ်လို့​ ကမ္ဘာလှည့်​ ခရီး​သည်​တွေ မြန်မာနိုင်ငံအ​ကြောင်း​ပိုမို သိရှိလာ​အောင် ​ဆောင်ရွက်ဖို့​ လိုတယ်ဆိုတာ​တွေကိုလည်း​ ပွင့်​ပွင့်​လင်း​လင်း​ ​ဆွေး​နွေး​ခဲ့​တယ်လို့​ သတင်း​က ​ရေး​ပါတယ်။

ပြည်​ထောင်စုဝန်ကြီး​ ဦး​တင့်​ဆန်း​ကလည်း​ မြန်မာနိုင်ငံရဲ့​ ခရီး​သွား​လုပ်ငန်း​ ဆိုင်ရာ သု​တေသနနှင့်​ ဖွံ့​ဖြိုး​ရေး​လုပ်ငန်း​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​အတွက် အကူအညီ​ပေး​ဖို့​ ပြန်လည် ပန်ကြား​ခဲ့​ပါတယ်။

ခရီး​သွား​လုပ်ငန်း​ဟာ နိုင်ငံစီး​ပွား​ရေး​အတွက် အ​ရေး​ကြီး​သလို ဆင်း​ရဲနွမ်း​ပါး​မှု ​လျော့​ချ​ရေး​အတွက် အ​ထောက်အကူ ဖြစ်တယ်ဆိုတာကို သိရှိသလို ​ကောင်း​ကျိုး​ဆိုး​ကျိုး​တွေကိုလည်း​ သိရှိတဲ့​အ​ကြောင်း​နဲ့​ လုပ်ငန်း​ရှင်​တွေကို ရင်း​နှီး​မြှုပ်နှံမှု အခွင့်​အလမ်း​များ​ပေး​ပြီး​ တွန်း​အား​ပေး​ ​ဆောင်ရွက်​နေတယ်လို့​ ပြန်လည်​ဆွေး​နွေး​ခဲ့​ပါတယ်။

မြန်မာအစိုး​ရဟာ ၁၉၉၂ ခုနှစ်ကတည်း​က ခရီး​သွား​လုပ်ငန်း​ကို အား​ပေး​ခဲ့​ရာမှာ ၂၀၁၀ ခုနှစ်မှာ နိုင်ငံခြား​ခရီး​သည် ၇ သိန်း​ ၉ ​သောင်း​ ဝင်တဲ့​အနက် မင်္ဂလာဒုံ​လေဆိပ်က​နေ ၃ သိန်း​နီး​ပါး​ ဝင်ခဲ့​ပါတယ်။

မြန်မာပြည်နိုင်ငံ​ရေး​ အ​ခြေအ​နေ ​ပြောင်း​လဲလာတာနဲ့​အတူ ၂၀၁၁ မှာ ခရီး​သည် ဝင်​ရောက်နှုန်း​ တိုး​ခဲ့​ပါတယ်။

၂၀၁၀ ခုနှစ်မှာ ​ဒေသအတွင်း​ ခရီး​သွား​လုပ်ငန်း​ ​အောင်မြင်​နေတဲ့​ မ​လေး​ရှား​ နိုင်ငံဟာ ၂၄.၅၇၇ သန်း​ ဝင်​ရောက်ပြီး​ ထိုင်း​နိုင်ငံဟာ ခရီး​သည်ဝင်​ရောက်မှု ၁၅.၉၃၆ သန်း​ ဝင်​ရောက်ခဲ့​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013