DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်​ကျောင်း​ဆရာများ​သမဂ္ဂ ယာယီ ဖွဲ့​စည်း
DVB
·
May 9, 2012
Donate to DVB

တက္ကသိုလ်​ကျောင်း​ဆရာများ​သမဂ္ဂကို မန္တ​လေး​မြို့​မှာရှိတဲ့​ ရတနာပုံတက္ကသိုလ်၊​ မန္တ​လေး​ တက္ကသိုလ်၊​ မန္တ​လေး​ နိုင်ငံခြား​ဘာသာသင်တက္ကသိုလ်နဲ့​ မန္တ​လေး​ အ​ဝေး​သင် တက္ကသိုလ်က တက္ကသိုလ်ဆရာ​တွေက ယာယီဖွဲ့​စည်း​ထား​တယ်လို့​ အဲဒီအဖွဲ့​မှာပါဝင်တဲ့​ တက္ကသိုလ် ဆရာ တဦး​က ​ပြောပါတယ်။

တက္ကသိုလ်​ကျောင်း​ဆရာများ​သမဂ္ဂ တရား​ဝင်​ပေါ်​ပေါက်လာတဲ့​အခါမှာ ဆရာ၊​ ဆရာမ ​တွေရဲ့​ အခွင့်​အ​ရေး​အပြင် ဆရာ ဆရာမ​တွေနဲ့​ ​ကျောင်း​သား​တွေ ပြဿနာတစုံ တရာဖြစ်ခဲ့​ရင် လည်း​ ဒီသမဂ္ဂ​တွေက ​ဖြေရှင်း​ပေး​နိုင်ဖို့​ သမဂ္ဂထူ​ထောင်ဖို့​ ကြိုး​စား​နေသူ​တွေက ​မျှော်လင့်​ ထား​တယ်လို့​ ဆိုပါတယ်။

ဆရာသမဂယာယီအဖွဲ့​ဝင် တက္ကသိုလ် ဆရာတဦး​က “ဒီတက္ကသိုလ်ဆရာ/ဆရာများ​ သမဂ္ဂဖြစ်လာပြီဆိုရင် ဆရာ/ဆရာမ​တွေရဲ့​ အခွင့်​အ​ရေး​ ​တွေလည်း​ ​တောင်း​ဆိုသွား​လို့​ ရတယ်။ ​နောက် ဆရာ/ဆရာမ​တွေက​နေပြီး​တော့​ ​ကျောင်း​သား​၊​ ကိုယ်သင်​ပေး​နေတဲ့​ သင်တန်း​သား​ ​တွေအ ​ပေါ်မှာ မတရား​သဖြင့်​ လုပ်တာကိုလည်း​ တက္ကသိုလ် ဆရာ/ဆရာမ အချင်း​ချင်း​ ညှိနှိုင်း​ဖြေရှင်း​လို့​ ရတယ်​ပေါ့​ဗျာ။ အဲဒါမျိုး​ ဖြစ်လာမယ်။ ​နောက် ကျ​နော်တို့​က တ​ယောက်နဲ့​ တ​ယောက် ပူး​ပေါင်း​ဆောင်ရွက်ပြီး​တော့​ ပညာ​ရေး​ဟာ နိုင်ငံ​တော်က ​ရှေ့​ကသွား​တဲ့​လမ်း​ စဉ်ချ​နေသလို ​နောက်ကလည်း​ ဘက်ညီပြီး​တော့​ လိုက်နိုင်​အောင်လို့​ အား​လုံး​ ​ဖေး​မထိန်း​ ​ကျောင်း​ပြီး​တော့​ သွား​နိုင်မယ်လို့​ ကျ​နော်​တော့​ ယူဆတယ်။”

တက္ကသိုလ်ဆရာ/ဆရာမများ​ သမဂ္ဂ ယာယီဖွဲ့​ထား​တဲ့​အထဲမှာ ကိုယ့်​စာသင်ခန်း​ထဲက ​ကျောင်း​ သား​ကို ​ငွေ​ကြေး​အခယူပြီး​တော့​ သင်ကြား​တဲ့​ဆရာဆရာမ​တွေကို သမဂ္ဂဝင်ခွင့်​မ​ပေး​ဘဲ ကန့်​သတ်ထား​သလို သမဂ္ဂမှာပါတဲ့​ ဆရာ/ဆရာမ​တွေအ​နေနဲ့​ အကျင့်​သိက္ခာ​ရော၊​ စည်း​ကမ်း​ရှိဖို့​ လို​ကြောင်း​ စည်း​ကမ်း​ထုတ်ထား​တယ်လို့​သိရပါတယ်။

၁၉၆၂ ခုနှစ်က မြန်မာနိုင်ငံမှာ ဦး​နေဝင်း​ (ကွယ်လွန်)ရဲ့​ ​တော်လှန်​ရေး​ ​ကောင်စီ အာဏာသိမ်း​ပိုက်ပြီး​တဲ့​ ​နောက်ပိုင်း​ ​ကျောင်း​သား​သမဂ္ဂ​တွေကို တရား​ဝင် ရပ်တည်လို့​ မရခဲ့​သလို ​ကျောင်း​ဆရာများ​ သမဂ္ဂကိုလည်း​ ဖွဲ့​စည်း​ခွင့်​မရခဲ့​ပါဘူး​။

အခု အစိုး​ရသစ်လက်ထက်မှာ​တော့​ ​ကျောင်း​သား​နဲ့​ အလုပ်သမား​ အဖွဲ့​အစည်း​တွေ ဖွဲ့​စည်း​ တည်​ထောင်​နေကြရာမှာ မန္တ​လေး​က ​ကျောင်း​ဆရာ​တွေကလည်း​ ခုလို အသင်း​အပင်း​ဖွဲ့​ဖို့​ ​ခြေလှမ်း​ပြင်လာကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013