A d v e r t i s e m e n t With Us

အမေရိကန်လွှတ်တော်အမတ်များ လိုက်ပါလာသည့် ရထားနှင့် အမှိုက်ကားတိုက်မိ၊ တဦးသေဆုံး

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်မှာ ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်တွေ လိုက်ပါလာတဲ့ ရထားတစီး ဇန်နဝါရီ ၃၁ ရက်နေ့က အမှိုက်ကားတစီးနဲ့ တိုက်မိခဲ့လို့ လူတဦးသေဆုံးခဲ့ပါတယ်။ ဝါရှင်တန်က လွှတ်တော်အမတ်တွေဟာ ပါတီပွဲတခုတက်ရောက်ဖို့ ရထားနဲ့ လိုက်ပါလာခဲ့တာပါ။ အဲဒီရထားဟာ မနက် ၁၁ နာရီလောက်မှာ ဗာဂျီးနီးယားပြည်နယ် ခရိုဇက်ဒေသမှာ အမှိုက်ကားတစီးကို ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူဟာ ရထားပေါ်လိုက်ပါလာတဲ့ လူတွေထဲက မဟုတ်ဘူးလို့ သိရပြီး သူနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်နဲ့ မတော်တဆမှုဖြစ်ရတဲ့ အကြောင်းအရင်းကို သက်ဆိုင်ရာက စုံစမ်းနေဆဲဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up