A d v e r t i s e m e n t With Us

အန်အယ်လ်ဒီပါတီ ညီလာခံကျင်း​ပ​ရေး​ ဗဟို​ကော်မရှင်ဖွဲ့

ဦး​ဉာဏ်ဝင်း
အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဟာ ပြည်နယ်တိုင်း​၊​ မြို့​နယ်နဲ့​ ရပ်ကွက်​ကျေး​ရွာ​တွေမှာ ညီလာခံကျင်း​ပနိုင်ဖို့​အတွက် ညီလာခံကျင်း​ပ​ရေး​ ဗဟို​ကော်မရှင်တရပ် ဖွဲ့​စည်း​လိုက်ပါတယ်။ [caption id="attachment_23473" align="alignright" width="232" caption="ဦးဥာဏ်ဝင်း"][/caption] ဦး​တင်ဦး​ ​ခေါင်း​ဆောင်တဲ့​ အဖွဲ့​ဝင် ၉ ဦး​ပါ ​ကော်မရှင်တရပ် ဖွဲ့​စည်း​လိုက်တဲ့​အ​ကြောင်း​ ဒီ​နေ့​ ရက်စွဲနဲ့​ ထုတ်ပြန်လိုက်တဲ့​ အဖွဲ့​ချုပ်ရဲ့​ ​ကြေညာချက်အရ သိရပါတယ်။ ​ကော်မရှင်ရဲ့​ အဓိက လုပ်ငန်း​တာဝန်​တွေကို ​ကော်မရှင်အတွင်း​ရေး​မှူး​ ဦး​ဥာဏ်ဝင်း​က “အဓိက တာဝန်က​တော့​ အန်အယ်လ်ဒီပါတီ ပြန်လည်ဖွဲ့​စည်း​ရေး​ အတွက် ဗဟို​ကော်မရှင်အ​နေနဲ့​က ပြည်နယ်တိုင်း​ဒေသကြီး​ ​ကော်မရှင်​တွေ၊​ ခရိုင်​ကော်မရှင်​တွေကို ဖွဲ့​သွား​မယ်။ အဲဒီ ခရိုင်​ကော်မရှင်​တွေက တခါ မြို့​နယ် ​ကော်မရှင်​တွေ ဖွဲ့​မယ်။ ​နောက်တခါ reorganization အတွက် ရပ်​ကျေး​အဆင့်​က စပြီး​တော့​ ညီလာခံကျင်း​ပမယ်။ ​နောက် မြို့​နယ် ကျင်း​ပမယ်။ ​နောက် ဗဟိုညီလာခံ ကျင်း​ပမယ် ဒါ​တွေ လုပ်သွား​မှာပါ။” အဖွဲ့​ဝင်​တွေအဖြစ် ဦး​ဟံသာမြင့်​၊​ ဦး​သိန်း​ဦး​၊​ ဦး​စိုး​ဝင်း​၊​ ကိုမျိုး​ညွန့်​၊​ ​ဒေါ်လဲ့​လဲ့​၊​ ​ဒေါ်မြင့်​မြင့်​စိန်နဲ့​ ​ဒေါ်ခင်​စောမူတို့​ ပါဝင်ပါတယ်။ အန်အယ်လ်ဒီ ပါတီအ​နေနဲ့​ ပါတီပြန်လည်မှတ်ပုံတင်ပြီး​တဲ့​နောက် ​ရွေး​ကောက်ပွဲ​အောင်နိုင်​ရေး​အတွက် ဦး​စား​ပေး​ ​ဆောင်ရွက်ခဲ့​ရပြီး​၊​ အခု​တော့​ ပါတီဝင်စု​ဆောင်း​ပြီး​ ပါတီဖွဲ့​စည်း​ရေး​၊​ ညီလာခံကျင်း​ပ​ရေး​အတွက် ဆက်လက် ​ဆောင်ရွက်တာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up