DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာစက်မှုဇုန် အလုပ်သမား​များ​ လခတိုး​ပေး​ဖို့​ ​တောင်း​ဆို
DVB
·
May 9, 2012
လှိုင်သာယာစက်မှုဇုန် အလုပ်သမား​များ​ လခတိုး​ပေး​ဖို့​ ​တောင်း​ဆို
Donate to DVB

ရန်ကုန်တိုင်း​၊​ လှိုင်သာယာစက်မှုဇုန်က အလုပ်သမား​ ၄၀၀ နီး​ပါး​လောက်ဟာ လုပ်ခလစာတိုး​ပေး​ဖို့​နဲ့​ ခွင့်​ရက်​တွေမှာ လစာထဲက ဖြတ်​တောက်တာ​တွေကို ကန့်​ကွက်တဲ့​အ​နေနဲ့​ ဒီ​နေ့​မှာ ဆန္ဒပြကြပါတယ်။

[caption id="attachment_25144" align="alignright" width="300" caption="အလုပ်သမားရုံးရှေ့တွင် ဆန္ဒပြနေကြစဉ် (photo-win htut's facebook)"][/caption]

လှိုင်သာယာ စက်မှုဇုန်၊​ ဇုန် ၄ ထဲမှာ ရှိတဲ့​ HIMO ဆံပင်တုစက်ရုံက အမျိုး​သမီး​ အလုပ်သမား​တွေဟာ ဒီ​နေ့​ ​နေ့​လယ်ပိုင်း​မှာ မရမ်း​ကုန်း​မြို့​နယ် ၉ မိုင်မှာ ရှိတဲ့​ အလုပ်သမား​ ညွှန်ကြား​မှု ဦး​စီး​ဌာန ရုံး​ရှေ့​မှာ ဆန္ဒပြ​နေကြတာပါ။

ဆန္ဒပြ အလုပ်သမတဦး​က “အခု ၈ မိုင်နား​က ရုံး​မှာပါ။ အ​ခြေခံလစာ နည်း​တာ​တွေ၊​ ခွင့်​မရတာ​တွေ​ရော​ပေါ့​။ စက်ရုံမှာ ​ဖြေရှင်း​လို့​မရလို့​ လှိုင်သာယာ အလုပ်သမား​ရုံး​ကို ​ရောက်ခဲ့​တယ်။ လှိုင်သာယာရုံး​မှာလည်း​ ရှင်း​လို့​မရဘူး​။ စက်ရုံမှာ ပြန်ရှင်း​ပါလို့​ ​ပြောတယ်။ စက်ရုံမှာ ပြန်မရှင်း​နိုင်ဘူး​ ရုံး​မှာပဲ ရှင်း​ပေး​ပါလို့​ ​ပြောတယ်။ မရှင်း​ပေး​နိုင်ဘူး​ဆိုလို့​ ညီမတို့​က ဒီရုံး​အထိ ​ရောက်လာတာပါ့​။ မနက် ၈ နာရီခွဲကတည်း​က လှိုင်သာယာအလုပ်သမား​ရုံး​ကို ထွက်လာခဲ့​တာ ရှင်း​လို့​မရလို့​ ၁၁ နာရီထိုး​ခါနီး​မှာ ဒီကိုရာက်လာခဲ့​တာပါ။ အ​ခြေခံလစာက ညီမဆိုရင် ၄ နှစ်​ကျော်ပြီ ၁၂,၀၀၀ ကျပ်ပဲ ရပါတယ်။ အ​ခြေခံလစာကို တိုး​တောင်း​တာပါ။ ဖြစ်နိုင်ရင် ၃၀,၀၀၀ ​လောက် လိုချင်ပါတယ်။”

HIMO ဆံပင်တုစက်ရုံမှာ အလုပ်သမား​ အင်အား​ ၁၈၀၀ ​လောက် ရှိပြီး​ အလုပ်သမ​တွေဟာ အချိန်ပို​ကြေး​ အပါအဝင် တလကို လစာ ၂၅,၀၀၀ က​နေ ၇၀,၀၀၀ အထိ ရကြတယ်လို့​ သိရပါတယ်။

ပုံမှန်အလုပ်ချိန် မနက် ၈ နာရီ က​နေ ည​နေ ၅ နာရီအထိ၊​ အချိန်ပို ဆင်း​ရရင်​တော့​ တနာရီကို ၁၃၀ ကျပ် ​ပေး​တယ်လို့​ အလုပ်သမား​တွေက ​ပြောပါတယ်။

စက်ရုံက ခွင့်​နဲ့​ပတ်သက်လို့​ စည်း​ကမ်း​တင်း​ကျပ်ထား​တာကိုလည်း​ အလုပ်သမား​တွေက မ​ကျေမနပ် ဖြစ်​နေကြတယ်လို့​ ဆိုပါတယ်။

“ကိုယ့်​ရဲ့​မိသား​စုထဲက ​ဆွေမျိုး​တွေထဲက နာ​ရေး​တွေဘာ​တွေ ဖြစ်ရင်လည်း​ ခွင့်​က ၃ ရက်ပဲ ​ပေး​တယ်။ ခွင့်​ရက်မ​လောက်တဲ့​ လူ​တွေရှိတာ​ပေါ့​။ အဲ့​ဒီအခါ ပျက်ကွက်တာ​တွေ ဖြစ်ပြီး​တော့​ လစာထဲက ဖြတ်တယ်။ ၃ နှစ်​ကျော်သမား​ဆိုရင် တ​နေ့​ကို ၅ ​ထောင်​လောက် ဖြတ်တယ်ရှင့်​။ ခွင့်​ရက်ပြည့်​လို့​ ပိုက်ဆံဖြတ်မယ်ဆိုရင် တ​နေ့​ကို ညီမတို့​ရတဲ့​ လစာ​လောက်ပဲ ဖြတ်​စေချင်တယ်။ ဒီလို ၅ ​ထောင်​ကျော် ၆ ​ထောင် မဖြတ်​စေချင်ပါဘူး​။”

အခုလို အလုပ်သမား​တွေက ဆန္ဒပြ​နေ​ပေမယ့်​ ၉ မိုင် အလုပ်သမား​ရုံး​မှာ​တော့​ အရာရှိ​တွေ တ​ယောက်မှ မရှိတာ​ကြောင့်​ စက်ရုံကိုပဲ ပြန်သွား​ကြဖို့​ ရုံး​က တာဝန်ကျ အမျိုး​သမီး​ဝန်ထမ်း​က တိုက်တွန်း​တယ်လို့​ ​ပြောပါတယ်။

စက်ရုံအလုပ်ပိုင်ရှင်ကလည်း​ အလုပ်သမား​တွေကို လှိုင်သာယာစက်မှုဇုန်ကို ပြန်လာဖို့​ ​ခေါ်​ပေမယ့်​ အလုပ်သမား​များ​က မပြန်ဘဲ ရုံး​ရှေ့​မှာပဲ ဆက်ပြီး​ ဆန္ဒပြ​နေကြပါတယ်။

အလုပ်သမား​တွေက​တော့​ သူတို့​ ​တောင်း​ဆိုချက်ကို အလုပ်သမား​ရုံး​က မ​ဖြေရှင်း​ပေး​ရင် ​နောက်​နေ့​တွေမှာလည်း​ ဆက်ပြီး​ ဆန္ဒပြသွား​မယ်လို့​ ​ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013