ဧရာဝတီတိုင်းတွင် ၁ နှစ်အတွင်း သတ်သေသူ ၁၀၀၀ ခန့်ရှိ

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် တနှစ်တာကာလအတွင်း ဧရာဝတီတိုင်းဒေသကြီးမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တဲ့သူ တထောင်နီးပါး ရှိခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။ အများစုက အရက်ကြောင် ကြောင်ပြီး ကြိုးဆွဲချ သတ်သေတာတွေဖြစ်ပြီး ကျန်တာတွေက အနည်းအကျဉ်းပဲ ရှိတယ်လို့ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးက ဒုရဲမှူးကြီးဦးခင်မောင်လတ်က ဒီဗွီဘီကို ပြောပါတယ်။ သတ်သေတာတွေဟာ ပုသိမ်ခရိုင်မှာ အများဆုံးနဲ့ ဖျာပုံခရိုင်မှာ ဒုတိယအများဆုံး ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်တုန်းကတော့  ၉၁၈ ဦးနဲ့ ၂၀၁၇ နှစ်အတွင်းမှာ ၉၃၈ ဦး ရှိခဲ့တာကြောင့် သတ်သေတဲ့သူ အယောက်၂၀ ပိုများလာပါတယ်။ ရဲတပ်ဖွဲ့ကတော့ သတ်သေတာတွေ လျော့ကျစေဖို့အတွက် အရက်သေစာ အလွန်အကျွံ မသောက်ဖို့ အသိပညာပေးတာတွေ၊ မိသားစုတွေအတွင်း စိတ်ကစဥ့်ကလျား ဖြစ်သူတွေကို နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာ ပြသဖို့၊ စိတ်ကျန်းမာရေးဆေးရုံတွေ ပို့ဆောင်ဖို့ အသိပညာပေးတာတွေ လုပ်ဆောင်နေတယ်လို့ ဒုရဲမှူးကြီးဦးခင်မောင်လတ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up