ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို လွှတ်ပေးရန် မင်းပြားတွင်ဆန္ဒပြ

ဖမ်းဆီးတရားစွဲခံနေရတဲ့ ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို အမြန်ဆုံး လွှတ်ပေးဖို့ ရခိုင်ပြည်နယ် မင်းပြားမြို့မှာ မြို့ခံတွေ ဒီက​နေ့ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဆန္ဒထုတ်ဖော်သူတွေကတော့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပြည့်အဝရရှိရေး၊ ဒေါက်တာအေးမောင်နဲ့ ဦးဝေဟင်အောင်အား အမြန်ဆုံးလွှတ်ပေးရေး၊ မြောက်ဦး ပစ်ခတ် နှိမ်နှင်းမှုအားဥပဒေနှင့်အညီ စစ်ဆေးအရေးယူပေးရေးစတဲ့ အချက် ၄ ချက်ကို တောင်းဆိုပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတယ်။ ရသေ့တောင်မြို့နယ်မှာ ကျင်းပခဲ့တဲ့ စာပေဟောပြောပွဲနဲ့ပတ်သက်ပြီး ဟောပြောသူ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင် အပါအဝင် စာပေဟောပြောပွဲစီစဉ်သူ နီဘုန်းသန်းဝေတို့ကို ရသေ့တောင်မြို့နယ် ရဲစခန်းက မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) နိုင်ငံတော်အကြည်အညိုပျက်စေမှု ၅၀၅(ခ) (ဂ)နဲ့ အမှုဖွင့်အရေးယူထားပါတယ်။ ဒါ့အပြင် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုပုဒ်မ ၁၂၂နဲ့ စစ်တွေခရိုင် တရားရုံးမှာ လည်း တရား စွဲဆိုထားတာဖြစ်ပါတယ်။ သတင်း - ဝဏ္ဏခွာညို၊ ဓာတ်​ပုံ - ​မောင်​လွမ်း​ဝေ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up