ဒေါ်အောင်ဆန်းစုကြည် အလည်လာဖို့  အမေရိကန်မျှော်လင့်
DVB
·
May 9, 2012
နိုင်ငံကူးလက်မှတ်ပတ်စ်ပို့ ရရှိသွားတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အမေရိကန် ပြည်ထောင်စုဆီ လာရောက် လည်ပတ်မယ့် နေ့ရက်ကို ကြိုဆိုနေကြောင်း အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ပြောဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ပေါင်း ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ် နိုင်ငံကူးလက်မှတ် မနေ့က ရသွားပြီး တဲ့နောက် အခုလို လာရောက်လည်ပတ်ဖို့ကိစ္စ အမေရိကန် ဘက်က တုံ့ပြန်လိုက်တာပါ။
အမေရိကန် ကွန်ဂရက် လွှတ်တော်ဆီ ကို ဒေါ်အောင်ဆန်းစုကြည် ရောက် လာတာ ကို မြင်ချင်ပြီး မြန်မာနိုင်ငံရဲ့ တိုးတက်ပြောင်းလဲ မှုတွေ ရှေ့ဆက်သွားနိုင် ဖို့ မျှော်လင့်ကြောင်း ဂျွန်မက်ကိန်း ရဲ့ ပြောဆိုချက်ကို ကိုကားပြီး အေအက်ဖ်ပီ သတင်းမှာ ရေးသားထားပါတယ်။
အမေရိကန်နိုင်ငံက ပေးအပ်တဲ့ ကွန်ဂရက်လွှတ်တော်ရဲ့ ရွှေတံဆိပ်ဆုကို ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ခုနှစ်မှာ ရရှိထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇွန်လထဲမှာ ဥရောပခရီးစဉ်အဖြစ် နော်ဝေနဲ့ ဗြိတိန်နိုင်ငံတွေကို သွားရောက်မှာဖြစ်ပြီး နှစ်ကုန်ပိုင်းမှာတော့ ဂျပန်နိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကလည်း နယူးယောက်မြို့က ကုလသမဂ္ဂ ဌာနချုပ်မှာ လာရောက်မိန့်ခွန်းပြောဖို့ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားထားပါတယ်။