ရန်ကုန်တွင် အနည်းဆုံး လုပ်ခ ၄၈၀၀ ကျပ်ကို ကန့်ကွက်လွှာပေါင်း ၂၀၀၀ ကျော်ရရှိ

1.2K
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အနည်းဆုံး လုပ်ခလစာ အဆိုပြုနှုန်းထား ၄၈၀၀ ကျပ်ကို ကန့်ကွက်ထားတဲ့ လျှောက်လွှာပေါင်း ၂၀၀၀ ကျော်ရှိတယ်လို့ တိုင်းဒေသကြီး အနည်းဆုံး လုပ်ခလစာ စိစစ်ရေးကော်မတီဝင် ကိုရဲဝင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။
ဒီကန့်ကွက်လွှာတွေထဲမှာ အလုပ်သမား အဖွဲ့အစည်းတွေနဲ့ အလုပ်သမား တဦးချင်း ကန့်ကွက်လွှာပေါင်းက ၁၅၀၀ ကျော်လောက်ရှိနေပြီး အလုပ်ရှင် အဖွဲ့အစည်းတွေနဲ့ အလုပ်ရှင် တဦးချင်း ကန့်ကွက်လွှာပေါင်းက ၆၀၀ ကျော်ရှိတယ်လို့ ပြောပါတယ်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာလည်း ကန့်ကွက်ထားတဲ့ အလုပ်ရှင် ကိုယ်စားလှယ်တွေနဲ့ အလုပ်သမား ကိုယ်စားလှယ်တွေကို စိစစ်ရေးအဖွဲ့က တွေ့ဆုံ ဆွေးနွေးနေပါတယ်။
လှိုင်သာယာနဲ့ ရွှေပြည်သာစက်မှုဇုန် ခန်းမတွေမှာ ၂ ရက် ဆွေးနွေးနေတာဖြစ်ပြီး ဖေဖော်ဝါရီ ၆ ရက်နေ့မှာတော့ UMFCCI မှာ အလုပ်ရှင်တွေနဲ့ ဆွေးနွေးသွားဖို့ရှိပါတယ်။
ဒီဆွေးနွေးပွဲတွေရဲ့ ရလဒ်တွေကို ဖေဖော်ဝါရီ ၁၅ ရက်မှာ အမျိုးသားအဆင့် အနည်းဆုံး လုပ်ခ လစာ သတ်မှတ်ရေးကော်မတီကို တင်သွင်းသွားမယ်လို့ ဆိုပါတယ်။