DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တဖက်ကမ်း​တွင် ​ရေမီး​ပြဿနာကြုံ​နေရ
DVB
·
May 9, 2012
Donate to DVB

ရန်ကုန်မြို့​ လှိုင်မြစ်တဖက်ကမ်း​မှာရှိတဲ့​ ဆိပ်ကြီး​၊​ ဦး​မြ၊​ ငါး​စင်စတဲ့​ ရပ်ကွက်​တွေမှာ ရာသီဥတုပူပြင်း​မှု​ကြောင့်​ ​သောက်သုံး​ရေကန်​တွေ ခန်း​ခြောက်ကုန်ပြီး​ ​သောက်​ရေ ရှား​ပါး​ပြတ်လပ်မှုနဲ့​ ကြုံ​တွေ့​နေရတယ်လို့​ ​ဒေသခံ ရွာသား​တဦး​က ​ပြောပါတယ်။

“ရပ်ကွက်မှာ ဆိတ်ကြီး​၊​ ဦး​မြ၊​ ငါး​စင်ဆိုတာ ​ရေဆိုတာ ဒီ​ဒေသမှာ ​ရေချိုဆိုတာ မထွက်ဘူး​။ ​ရေငန်​တွေကြီး​ပဲ၊​ နှစ်တိုင်း​ဖြစ်​နေတာ။ အဲဒီ ​ရေရှား​ပါး​တဲ့​ ပြဿနာ​ကြောင့်​ ရပ်ကွက်မှာရှိတဲ့​ က​လေး​တွေ ဝမ်း​လျှောကြတယ်။ တချို့​ အသက်ဆုံး​ပါး​သွား​တဲ့​အထိ ဖြစ်ကြတယ်။ ဒီရပ်ကွက်မှာ နှစ်စဉ်နှစ်တိုင်း​ဖြစ်​နေတာ။”

အိမ်​ထောင်စု​ပေါင်း​ ၂ ​ထောင်​ကျော်​လောက်ရှိတဲ့​ ဒီရပ်ကွက်​တွေအတွက် အစိုး​ရရဲ့​ ​ရေ​ပေး​ဝေ​ရေး​စနစ် ရှိ​ပေမယ့်​ ဆိပ်ကမ်း​ အနီး​အနား​က အိမ်တချို့​ပဲ​ရေရပြီး​ အတွင်း​ပိုင်း​နေရာက ​နေအိမ်​တွေက​တော့​ ​ရေမရလို့​ အခက်​တွေ့​နေကြရပါတယ်။

ဒီ​ရေပြဿနာကို အစိုး​ရတာဝန်ရှိသူ​တွေအ​နေနဲ့​ ​ရေပိုက်သွယ်တန်း​ပေး​မှု​တွေ ပိုမိုပြုလုပ်ပြီး​ ကူညီ​ဖြေရှင်း​ပေး​ဖို့​နဲ့​ ​ရေအလှူရှင်​တွေ လာ​ရောက်လှူဒါန်း​ကြဖို့​ ရပ်ကွက်သူ ရပ်ကွက်သား​တွေက ​မျှော်လင့်​နေကြပါတယ်။

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က​တော့​ ​ရေသန့်​ဘူး​တွေကို ​လှေသံပန်း​တွေနဲ့​ သယ်သွား​ပြီး​ အဲဒီ ရပ်ကွက် ၃ မှာ တနိုင်တပိုင် ​သောက်​ရေ သွား​ရောက် လှူဒါန်း​နေတယ်လို့​ ကြည့်​မြင်တိုင်မြို့​နယ် လူငယ်တာဝန်ခံ တဦး​ဖြစ်တဲ့​ ကိုရန်နိုင်ထွန်း​က ​ပြောပါတယ်။

“၅ ဂါလန် ​ရေသန့်​ဘူး​ကြီး​ ၁ ဘူး​ကို တအိမ်နှုန်း​ လိုက်​ဝေ​နေတယ်။ ၆ ရက်​နေ့​က​နေ စပြီး​ ​ဝေ​နေတာ။ အခုချိန်ထိ ​ဝေလို့​မပြီး​သေး​ဘူး​။ လူက ၂၀ ​လောက်ရှိတယ်။ မြို့​နယ်​ပေါင်း​စုံက အန်အယ်လ်ဒီ လူငယ်​လေး​တွေ စု​ပေါင်း​ပြီး​တော့​ ​ရေပြဿနာကို ​ဖြေရှင်း​ပေး​နေတယ်။ တ​နေ့​တာမှာ အိမ်​ထောင်စု ၅၀၀ ​လောက်ကိုပဲ ​ဖြေရှင်း​ပေး​နိုင်တယ်။ ​ရေသန့်​ဘူး​ ၁ ဘူး​ဆီ လိုက်လိုက်ပို့​တယ်။ တ​နေရာတည်း​ကို စု​ဝေလို့​မရဘူး​။ စု​ဝေလို့​ရှိရင် အိမ်​ထောင်စု တခုချင်း​ဆီကို ​ရေမ​ရောက်ကြဘူး​။ ရတဲ့​လူရတယ်၊​ မရတဲ့​လူမရဘူး​။ အဲဒီပြဿနာ​တွေ ဖြစ်မှာဆိုး​လို့​ ကျ​နော်တို့​က တအိမ်​ထောင်တဘူး​ဆီ လိုက်ပို့​ပေး​တာ။”

ဒီရပ်ကွက်​တွေမှာ ​ရေပြဿနာအပြင် မီး​ပြဿနာလည်း​ ကြုံ​တွေ့​နေရပြီး​ မနက် ၈ နာရီက​နေ ည ၉ နာရီ​လောက် အထိ လျှပ်စစ်မီး​ ​နေ့​စဉ်ပျက်​နေတာ ရက်အတန်ကြာ ရှိ​နေတဲ့​အ​ကြောင်း​နဲ့​ ရပ်ကွက်အနီး​နား​က မြန်မာ့​စီး​ပွား​ရေး​ဦး​ပိုင်ရဲ့​ သ​င်္ဘော ​ဒေါက်ကျဉ်း​မှာ​တော့​ အမြဲ မီး​လာ​နေတယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013