Home
မြန်မာသတင်း
ဧရာဝတီတိုင်း စိုက်/မွေး ဝန်ကြီးသစ်ကတိသစ္စာပြု
သော်ဇင်မျိုး
·
January 30, 2018
  ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေး၊သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးသစ် ဦးတင်အောင်ဝင်းဟာ ဇန်နဝါရီ ၃၀ ရက်က ကျင်းပတဲ့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးမှာ ကတိသစ္စာပြုခဲ့ပါတယ်။ ကျန်းမာရေးအရ ရာထူးကနေ နုတ်ထွက်သွားတဲ့ ဝန်ကြီးဦးဘဟိန်းရဲ့နေရာမှာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး အငြိမ်းစား ဦးတင်အောင်ဝင်းကို အစားထိုးခန့်အပ်ဖို့ ဝန်ကြီးချုပ်ဦးလှမိုးအောင်အဆိုပြုပြီး လွှတ်တော်က အတည်ပြုခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတရုံးက ဝန်ကြီးအဖြစ်ခန့်အပ်ကြောင်းအမိန့်ထုတ်ပြန်ခဲ့ပြီး ဒီကနေ့မှာတော့ ဝန်ကြီးအနေနဲ့ လွှတ်တော်မှာ ကတိသစ္စာပြုခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024