DVB Logo
Home
မြန်မာသတင်း
ရွှေနံ့​သာရွာသား​များ​ ကိုယ့်​လယ်ကိုယ် ပြန်ထွန်မည်
DVB
·
May 9, 2012
Donate to DVB

ရန်ကုန်တိုင်း​ဒေသကြီး​ မင်္ဂလာဒုံမြို့​နယ် ​ရွှေနံ့​သာ​ကျေး​ရွာအုပ်စုမှာ ​ဇေကမ္ဘာကုမ္ပဏီနဲ့​ လယ်သမား​တွေအကြား​ သူပိုင်ကိုယ်ပိုင် အငြင်း​ပွား​နေတဲ့​ ​မြေယာ​တွေ​ပေါ်မှာ မူလပိုင်ရှင် လယ်သမား​တွေက ​မေ ၁၀ ရက်​နေ့​မှာ လယ်ပြန်ထွန်ယက်​တော့​မယ်လို့​ လယ်သမား​တွေကို ဦး​ဆောင်တဲ့​ ဦး​နေမျိုး​ဝေက ​ပြောပါတယ်။

“​မြေယာမှုခင်း​ပေါ့​ဗျာ။ ဘယ်သူ့​ကို လုပ်ပိုင်ခွင့်​ပေး​မလဲဆိုတာက အဲ့​ဒါ​တွေက ​မြေယာ​ကော်မတီက ကိုင်တာပါ။ ​မြေယာ​ကော်မတီရဲ့​ ဥက္ကဋ္ဌက အရင်က မရက ဥက္ကဋ္ဌပဲ။ အခု​တော့​ မြို့​နယ်အုပ်ချုပ်​ရေး​မှူး​ပေါ့​။ ကျ​နော်တို့​က​တော့​ တရား​တ​ဘောင်ရင်ဆိုင်ဖို့​ လိုအပ်​နေပြီလို့​ စာတင်ပြီး​ပြီ။”

ဇေကမ္ဘာကုမ္ပဏီက ​ရွှေနံ့​သာ​ကျေး​ရွာလယ်သမား​တွေရဲ့​ ​မြေ​တွေ​ပေါ်မှာ စက်မှုဇုန် ၄ အမည်နဲ့​ အ​ကောင်အထည်​ဖော်​နေတာပါ။

နဝတ၊​ နအဖ အစိုး​ရလက်ထက်က ​ရွှေနံ့​သာ​ကျေး​ရွာထဲက လယ်ဧက ၈၀၀ ​ကျော်ကို အစိုး​ရက သိမ်း​မယ်လို့​ သတင်း​ထွက်အပြီး​မှာ ​ဇေကမ္ဘာကုမ္ပဏီက နစ်နာ​ကြေး​ ၁ ဧကကို ၃ သိန်း​နှုန်း​ ​ပေး​ပြီး​ စက်မှုဇုန် အ​ကောင်အထည်​ဖော်​နေတာပါ။

ကိုယ့်​လယ်မှာ ကိုယ်ဆက်လုပ်ခွင့်​ပေး​မယ်ဆိုတဲ့​ ကတိရတာရယ်၊​ အစိုး​ရသိမ်း​ရင် နစ်နာ​ကြေး​ လုံး​ဝရမှာမဟုတ်ဘူး​လို့​ ယုံကြည်တာ​ကြောင့်​ နစ်နာ​ကြေး​ယူခဲ့​ကြ​ပေမယ့်​ ​ဇေကမ္ဘာကုမ္ပဏီဘက်က လယ်လုပ်ခွင့်​ ကန့်​သတ်လာတဲ့​အ​ပေါ် ပြဿနာတက်​နေတာ ဖြစ်ပါတယ်။

နောက်ပိုင်း​မှာ ​ဇေကမ္ဘာကုမ္ပဏီရဲ့​ လှည့်​ဖြား​တာခံရတယ်လို့​ လယ်သမား​တွေက ယူဆပြီး​ ရန်ကုန်တိုင်း​ဒေသကြီး​ အစိုး​ရကိုတိုင်လို့​ ရန်ကုန်တိုင်း​ဒေသကြီး​ အစိုး​ရကလည်း​ လယ်ယာ​မြေ​ပေါ်မှာ စက်မှုဇုန်​ဖော်ခွင့်​မရှိလို့​ တား​မြစ်ခဲ့​သလို ဆက်လုပ်ရင် လယ်ယာ​မြေပျက်စီး​စေမှုနဲ့​ အမှုဖြစ်နိုင်တယ်လို့​ သတိ​ပေး​ခဲ့​ပါတယ်။ ဒါ​ပေမယ့်​ ​ဇေကမ္ဘာကုမ္ပဏီက​တော့​ စက်ယန္တရား​တွေနဲ့​ ဆက်လက် လုပ်ကိုင်​နေဆဲဖြစ်ပါတယ်။

လွန်ခဲ့​တဲ့​ သီတင်း​ပတ်က အိုး​အိမ်ဦး​စီး​ဌာနကို သွား​မေး​ရာမှာ စက်မှုဇုန် ၄ဟာ အိုး​အိမ်ဦး​စီး​ဌာန​အောက်မှာ မရှိဘူး​လို့​ တုံ့​ပြန်ခဲ့​အတွက် ​မြေယာမှုခင်း​ဘက်ကသွား​ဖို့​ လယ်သမား​တွေက ဆုံး​ဖြတ်ပြီး​ မတူကွဲပြား​ခြင်း​နဲ့​ ငြိမ်း​ချမ်း​ရေး​ပါတီဥက္ကဋ္ဌ ဦး​နေမျိုး​ဝေကို ကိုယ်စား​လှယ်လွှဲပြီး​ ဦး​ဆောင်​စေပါတယ်။

မေ ၇ ရက်​နေ့​မှာ ဦး​နေမျိုး​ဝေတို့​ဟာ မြို့​နယ် ​မြေယာ​ကော်မတီ ဥက္ကဋ္ဌလည်း​ဖြစ်တဲ့​ မင်္ဂလာဒုံမြို့​နယ် အုပ်ချုပ်​ရေး​မှူး​ထံ သွား​ရောက်ပြီး​ ဒီလယ်​တွေကို ဘယ်သူကို လုပ်ကိုင်ခွင့်​ပေး​မလဲ ဆိုတာကို အဆုံး​အဖြတ်​ပေး​ဖို့​ စာ​ရေး​သား​ပေး​ပို့​မေး​မြန်း​ခဲ့​တယ်လို့​ ဦး​နေမျိုး​ဝေက ​ပြောပါတယ်။

ရွှေနံ့​သာက မူလပိုင်ရှင် လယ်သမား​တွေက ​မေ ၁၀ ရက်​နေ့​မှာ လယ်ယာထွန်ယက်ကြမှာ ဖြစ်ပြီး​ ရဲနဲ့​မြို့​နယ်အုပ်ချုပ်​ရေး​မှူး​ ရုံး​တွေကို အသိ​ပေး​ထား​ပြီး​ပြီလို့​ ဦး​နေမျိုး​ဝေက ​ပြောပါတယ်။

“ကျ​နော်တို့​က လယ်သမား​တွေနဲ့​ ၁၀ ရက်​နေ့​ကျရင် လယ်ထွန် မင်္ဂလာကျင်း​ပပြီး​ လယ်ထွန်မယ်။ ရဲ​တွေ လာတား​လို့​မရ​တော့​ဘူး​။ ကျ​နော်တို့​ကိုယ်တိုင် တဲထိုး​ပြီး​ သွား​စောင့်​ပြီး​နေမှာ။ ကျ​နော်တို့​က ကုမ္ပဏီကို တား​လို့​မရဘူး​။ ဘာဖြစ်လို့​လဲဆို​တော့​ ရဲက လယ်သမား​ကို လုပ်ပိုင်ခွင့်​ပေး​ရင် တား​ပေး​မယ်တဲ့​။ မယကကလည်း​ အဲဒီအတိုင်း​ ​ပြောတယ်။ အဲဒီ​တော့​ ကုမ္ပဏီ ထိုး​နေတာကျ​တော့​ ရဲက တား​မ​ပေး​ဘူး​ဆို​တော့​ ကျ​နော်တို့​လယ်သမား​တွေ ထွန်​နေတာကို သူတို့​ တား​မရဘူး​။ အဲဒီ​တော့​ ကျ​နော်တို့​ ထွန်မယ်၊​ စိုက်မယ်။ ကုမ္ပဏီကလူ​တွေ လာ​နှောင့်​ယှက်လို့​မရဘူး​။ ကျ​နော်တို့​က ကာထား​မယ် လူအုပ်နဲ့​။”

ရွှေနံ့​သာ လယ်သမား​တွေက လုပ်ပိုင်ခွင့်​ လွှဲအပ်ထား​တဲ့​ ဦး​နေမျိုး​ဝေ ​ပြောသွား​တာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013