Home
မြန်မာသတင်း
မှန်စတစ်ကာအမည်းတပ် တက္ကစီများကို ဖေဖော်ဝါရီလမှစ၍ လိုင်စင်ဖျက်သိမ်း အရေးယူမည်
DVB
·
January 30, 2018
ရန်ကုန်မှာ ပြေးဆွဲနေတဲ့ တက္ကစီအငှားယာဉ်တွေမှာ ကားမှန်တွေကို စတစ်ကာကပ်၊ လေစုပ်ခွက်ကပ်၊ ကြော်ငြာတပ်ဆင်တာနဲ့၊ လိုက်ကာတွေ ကာရံထားရင် အမြန်ဆုံးဖယ်ရှားပစ်ဖို့ ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက သတိပေး နှိုးဆော်လိုက်ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး စတစ်ကာကပ်၊ လေစုပ်ခွက်ကပ်၊ ကြော်ငြာတပ်ဆင်တာနဲ့၊ လိုက်ကာတွေ ကာရံမောင်းနှင်နေတဲ့ တက္ကစီတွေကို လုပ်ငန်းလိုင်စင်ဖျက်သိမ်းတဲ့အထိ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့လည်း သတိပေးထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပြေးဆွဲနေတဲ့ တက္ကစီအငှားယာဉ်တွေမှာ ကားမှန်တွေကို စတစ်ကာတွေကပ် အကာအကွယ်ယူပြီး မှုခင်းကျဆင်းရေးနဲ့ ယာဉ်စီးကမ်းထိန်းသိမ်းရေးကို လျစ်လျူရှုပြီး ဒုစရိုက်မှု ကျူးလွန်တာတွေ ဖြစ်ပေါ်နေလို့ ခုလို လုပ်ဆောင်တာလို့ ဆိုပါတယ်။ မကြာသေးခင်က FDA ဝန်ထမ်းအမျိုးသမီးတဦးကို တက္ကစီယာဉ်မောင်းတဦးက အဓမ္မပြုကျင့် သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ခုလို သတိပေးနှိုးဆော်ချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ ရန်ကုန်မှာ လက်ရှိအချိန်အထိ စီးတီးတက္ကစီအဖြစ် မှတ်ပုံထင်ထားတဲ့ ယာဉ်အစီးရေ ၅ သောင်းကျော် ၆ သောင်းလောက်ထိရှိနိုင်ပြီး နယ်လိုင်စင်ယာဉ်တွေ ပါဝင်ပါက အစီးရေ ပိုများနိုင်တယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024