Home
အနုပညာ
မြန်မာ့လက်ရာပွဲတော် ရန်ကုန်မြို့တွင် ကျင်းပမည်
သူဇာလင်း
·
January 29, 2018
27459467_1812504368773665_1981039634445900235_n
27336775_1812504592106976_7259654159700248549_n
27336464_1812504338773668_4746108156731780986_n
26994134_1812503932107042_8292687564460278805_n
  မြန်မာအနုပညာလက်ရာတွေကို ဖော်ထုတ်ပြီး တစ်စုတစ်ဝေးတည်း လေ့လာနိုင်ဖို့နဲ့ မြန်မာ့ယဉ်ကျေးမှု အနုလက်ရာတွေကို ပြည်တွင်းပြည်ပက ဧည့်သည်တွေလာရောက်လေ့လာပြီး ကမ္ဘာသို့ ပျံ့နှံ့စေဖို့ ရည်ရွယ်ပြီး မြန်မာ့လက်ရာပွဲတော်ကို ကျင်းပသွားဖို့ရှိပါတယ်။ မြန်မာ့ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ကြီးမှူးပြီး ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၃ ရက်အထိ ၃ ရက်တာ ကျင်းပမယ့် မြန်မာ့ လက်ရာပွဲတော်ကို ရန်ကုန်မြို့ အင်းယားလမ်းမှာရှိတဲ့ စိမ်းလန်းစိုပြေမှာ ကျင်းပသွားမှာပါ။ ပြခန်းပေါင်း ၁၂ ခန်း ပါဝင်ပြသမယ့် မြန်မာ့လက်ရာပွဲတော်မှာ အင်းလေးကြာထည်နဲ့ ပိုးထည်လုပ်ငန်း၊ ကချင်ရိုးရာ ဂျပ်ခုပ်လုပ်ငန်း၊ ချင်းရိုးရာ ဂျပ်ခုပ်လုပ်ငန်းနဲ့ မွန်ရိုးရာ ဆေးတံနဲ့ ကျောက်သင်ပုန်းလုပ်ငန်းစတဲ့ တိုင်းရင်းသားတွေရဲ့ ရိုးရာလုပ်ငန်းတွေကို ပြသမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024