မလေးရှား ရွေးကောက်ပွဲစနစ် ပြုပြင်ရေး လူထုဆန္ဒပြပွဲ
DVB
·
May 9, 2012
ပြီးခဲ့တဲ့အပတ်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့လယ်မှာ လူထောင်ပေါင်းများစွာ စုဝေးပြီး ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အန်ဂျီအိုတွေနဲ့ လူ့အခွင့်အရေးအဖွဲ့ ၈၄ ဖွဲ့ ပေါင်းထားတဲ့ ‘သန့်ရှင်းသော မလေး’ လို့အမည်ရတဲ့ ‘ဘာဆီ’ အဖွဲ့က ဦးဆောင်ပြီး လာမယ့် ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲဥပဒေတွေကို သန့်ရှင်းမျှတအောင် လုပ်ဖို့ တောင်းဆိုဖိအားပေးခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက လက်ရှိ ဥပဒေတွေဟာ ၅၅ နှစ်ကျော် အာဏာရထားတဲ့ ညွန့်ပေါင်းအစိုးရကို မျက်နှာလိုက်လွန်းတယ်လို့ ဝေဖန်ပါတယ်။
ဆန္ဒပြပွဲဟာ ဆယ်စုနှစ်တခုအတွင်း မလေးရှားမှာ အကြီးမားဆုံး လူစုလူဝေးကြီး ဖြစ်တဲ့အကြောင်း ကွာလာလမ်ပူမြို့တော်မှ သတင်းထောက် `Julia Yeow ´က သတင်းပေးပို့ထားပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။