A d v e r t i s e m e n t With Us

မသန်စွမ်းသူများအတွက် သီးသန့်ရန်ပုံငွေထားရှိပြီး ကူညီထောက်ပံ့မည်

  မသန်စွမ်းသူတွေအတွက် သီးသန့်ရန်ပုံငွေထားရှိပြီး ကူညီထောက်ပံ့ပေးသွားမယ်လို့ လူမှု ၀န်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးက ပြောပါတယ်။ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးဥပဒေအရ မသန်းစွမ်းသူတွေအတွက် ဥပဒေရဲ့ အကာအကွယ်ကို ပြည့်ဝစွာရရှိစေဖို့နဲ့ သီးသန့်ရန်ပုံငွေ တစ်ရပ်ထူထောင်ပြီး ထောက်ပံ့ကူညီ ဆောင်ရွက်ပေးဖို့ အစီစဉ် ရှိ/မရှိ ဒီကနေ့ အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ် တစ်ဦးက မေးမြန်းခဲ့ပါတယ်။ အဲဒီလို မေးမြန်းမှုအပေါ် ၀န်ကြီးဒေါက်တာဝင်းမြတ်အေးက “မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေပါ ပြဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်မည့် မသန်စွမ်းသူ များ၏ အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီကိုဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်ပါသောကြောင့် မသန်စွမ်းသူများအတွက် သီးသန့်ရန်ပုံငွေ တစ်ရပ်လည်း ထူထောင်၍ ဆောင်ရွက်နိုင်တော့မည် ဖြစ်ပါတယ်။ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးဥပဒေပါ သီးသန့်ရန်ပုံငွေထူထောင်ပြီးပါက ၎င်းတို့အတွက် အခွင့်အရေး အပြည့်အ၀ရရှိရေး ပိုမိုပံ့ပိုးဆောင်ရွက်ပေး နိုင်တော့မည် ဖြစ်ပါကြောင်းရှင်းလင်းဖြေကြားအပ်တယ်”လို့လွှတ်တော်မှာ ဖြေကြားခဲ့ပါတယ်။ မသန်စွမ်းသူတွေအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ၀န်ကြီးဌာနအနေနဲ့ ပံ့ပိုးမှုတွေကို ယခုဘဏ္ဍာနှစ်ကတည်းက ဆောင်ရွက်ပေးနေပါတယ်လို့ ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ကချင်၊ ကယား၊ ကရင်နဲ့ ရှမ်းပြည်နယ်တွေက မိုင်းကြောင့် ထိခိုက်ဒဏ် ရာရရှိသူ ၅၄ ဦးကို တစ်ဦးလျှင် ကျပ် ၂ သိန်းနှုန်းကို ပံ့ပိုးကူညီပေးခဲ့ပြီး ကချင်ပြည်နယ်က မိုင်းကြောင့် သေဆုံးသူ ၁ ဦးကို ကျပ် ၇ သိန်း ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကယားပြည်နယ် ဖရူဆိုမြို့နယ်၊ တောင်ခူကျေးရွာအုပ်စုအတွင်းက မသန်စွမ်းသူ ၆ ဦးကိုလည်း တစ်ဦး ကျပ် ၅ သိန်းနှုန်းနဲ့ သာမန် မသန်စွမ်းသူ ၃၁ ဦးကို တစ်ဦးလျှပ် ကျပ် ၂ သိန်းနှုန်း၊ ကျန်းမာရေးမကောင်းတဲ့ မသန်စွမ်းသူ ၁ ဦးကို ၁ သိန်း နဲ့ ထောက်ပံ့ကူညီပေး ခဲ့တယ်လို့ လူကယ်ပြန်ဝန်ကြီးဌာနက သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up