အောင်ဆန်းစုကြည်ကျောင်းဆောင် ဝမ်းတွင်းမြို့နယ်တွင် ဖွင့်လှစ်
DVB
·
January 29, 2018
အောင်ဆန်းစုကြည် ကျောင်းဆောင်လို့ အမည်ပေးထားတဲ့ ကျောင်းဆောင်သစ် ဖွင့်လှစ်ပွဲနဲ့ လွှဲပြောင်းအပ်နှံပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၉ ရက်က မြေတိုင်ကန်ကျေးရွာမှာ ကျင်းပခဲ့ပါတယ်။
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာမှာ ပြုလုပ်ခဲ့တဲ့ ကျေးလက်ငြိမ်းချမ်းရေး စကားဝိုင်းမှာ ကျေးရွာပညာရေးဖွံ့ဖြိုးဖို့အတွက် တောင်းဆိုချက်အရ ကျောင်းဆောင်သစ်တခုကို အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းမှ ဆောက်လုပ်လှူဒါန်းပေးခဲ့ပါတယ်။
ဒီအခမ်းအနားကို မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ ဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပညာရေးဌာနမှ တာဝန်ရှိသူတွေ၊ ကျေးရွာသူ ကျေးရွာသားတွေနဲ့ Mandalay Business Capital City Development ကုမ္ပဏီက တာဝန်ရှိသူတွေ တက်ရောက်ဖွင့်လှစ်ခဲ့ပါတယ်။