A d v e r t i s e m e n t With Us

သင်္ကြန်ဗုံး​ကွဲမှုဖြင့်​ ကိုဖြိုး​ဝေ​အောင်ကို ​သေဒဏ်စီရင်

ကွိုဖိုး​ဝေ​အောငျ
၂၀၁၀ ခုနှစ်က ရန်ကုန်မြို့​မှာ သင်္ကြန်တွင်း​ ဗုံး​ပေါက်ကွဲမှုနဲ့​ ဆက်စပ်ဖမ်း​ဆီး​ထား​တဲ့​ ကိုဖြိုး​ဝေ​အောင်ကို အင်း​စိန်​ထောင်တွင်း​ ရုံး​ထိုင်တရား​ရုံး​က ဒီက​နေ့​မှာ ​သေဒဏ်ချမှတ် စီရင်လိုက်တယ်လို့​ ကိုဖြိုး​ဝေ​အောင်ရဲ့​ ​ရှေ့​နေ ဦး​ကျော်ဟိုး​က ​ပြောပါတယ်။ [caption id="attachment_21482" align="alignleft" width="300" caption="ကိုဖြိုးဝေအောင်"][/caption] ၂၀၁၀ သင်္ကြန်က ကန်​တော်ကြီး​ ကန်ပတ်လမ်း​ပေါ်က X2Oမဏ္ဍပ် ဗုံး​ပေါက်ကွဲမှုနဲ့​ စပ်လျဉ်း​ပြီး​ ကိုဖြိုး​ဝေ​အောင်အ​ပေါ် အမှု ၄ ခု၊​ ပုဒ်မ ၆ ခုနဲ့​ စွဲချက်တင် စစ်​ဆေး​ခဲ့​တာပါ။ ဒီ ပုဒ်မ​တွေအား​လုံး​မှာ အသီး​သီး​ အပြစ်ရှိတယ်လို့​ တရား​ရုံး​က ဆုံး​ဖြတ်ပြီး​ အမြင့်​ဆုံး​သေဒဏ်အဖြစ် တ​ပေါင်း​တည်း​ကျခံ​စေဖို့​ ဆုံး​ဖြတ်ခဲ့​တာလို့​ ဦး​ကျော်ဟိုး​က ​ပြောပါတယ်။ “X2Oမဏ္ဍပ် ဗုံး​ပေါက်ကွဲမှုကို အား​ပေး​ကူညီတယ်ဆိုပြီး​ သူ့​ကို ၄ မှုနဲ့​ စွဲထား​တယ်​လေ။ ပထမအမှုက ပုဒ်မ ၃ ခုနဲ့​ တွဲတယ်။ ၃၀၂-၁ (ခ) ဆိုတာက ကြိုတင်ကြံစည်မှုနဲ့​ လူသတ်တာကို ​သေဒဏ်​ပေး​ထား​တယ်။ ပြင်း​ထန်နာကျင်​စေတဲ့​သူ​တွေပါတဲ့​အတွက် ၃၂၆/၁၂၄ ပြင်း​ထန်နာကျင်​စေမှုကို အား​ပေး​ကူညီတယ်ဆိုပြီး​တော့​ ​ထောင်ဒဏ် ၁၀ နှစ်၊​ ၃၂၄/၁၂၄ က သာမန်ဒဏ်ရာရမှုကိုဖြစ်​အောင် အား​ပေး​ကူညီတယ်ဆိုပြီး​ ​ထောင်ဒဏ် ၃ နှစ် အဲဒီတမှုတည်း​မှာ ချထား​တယ်။ “ဒုတိယ အမှုက ​ဖောက်ခွဲမှု အား​ပေး​တယ်ဆိုပြီး​တော့​ တသက်တကျွန်း​ဒဏ် ​ပေး​ထား​တယ်။ ​နောက်တမှုက မတရား​အသင်း​နဲ့​ ဆက်သွယ်တယ်ဆိုပြီး​တော့​ ​ထောင်ဒဏ် ၃ နှစ်၊​ နိုင်ငံအတွင်း​ကို တရား​မဝင် ပြန်ဝင်လာတယ်ဆိုပြီး​တော့​ ​ထောင်ဒဏ် ၃ နှစ်​ပေါ့​။ အဲဒီ ၄ မှုကို တ​ပေါင်း​တည်း​ ကျခံ​စေဆိုပြီး​တော့​ ချမှတ်လိုက်တာ။” အဲဒီဗုံး​ပေါက်ကွဲမှု ဖြစ်တုန်း​က လူ ၉ ​ယောက်ကို ဖမ်း​ပြီး​ ပုဒ်မအသီး​သီး​နဲ့​ ​ထောင်ဒဏ်စီရင်ခဲ့​ပြီး​ ၈ ဦး​က လွတ်ငြိမ်း​ခွင့်​နဲ့​ လွတ်ကုန်ပြီး​ ကိုဖြိုး​ဝေ​အောင် တ​ယောက်ပဲ ကျန်​နေပြီး​ တရား​စီရင်ခံရတာပါ။ ဒီအမှုကို အရပ်ဘက် မြို့​နယ်တရား​ရုံး​မှာ မစစ်ဘဲ အင်း​စိန်​ထောင်တွင်း​ တရား​ရုံး​မှာ ၂ နှစ်​လောက် စစ်​ဆေး​ခဲ့​ပါတယ်။ စစ်​ကြော​ရေး​ကာလမှာလည်း​ ကိုဖြိုး​ဝေ​အောင်ကို အပြင်း​အထန်ညှင်း​ပန်း​နှိပ်စက်ပြီး​ ​ဖြောင့်​ချက်​ပေး​ခိုင်း​ခဲ့​တယ်လို့​ ကိုဖြိုး​ဝေ​အောင်ရဲ့​ မိသား​စုက ​ပြောပါတယ်။ အမှုကို စစ်​ဆေး​စဉ်ကာလမှာလည်း​ အမှုစစ်ရဲအရာရှိရဲ့​ ထွက်ချက်မှာပါရှိတဲ့​ တရား​လိုပြ သက်​သေတဦး​ထံက ကြိုတင် ထွက်ချက်ယူထား​တယ်ဆိုတဲ့​ ထွက်ချက်ဟာ အမှုတွဲထဲမှာ ​ပျောက်ဆုံး​နေတာနဲ့​ ပတ်သက်ပြီး​ ကိုဖြိုး​ဝေ​အောင်က ပြန်လည် ​မေး​ခွန်း​ထုတ်တဲ့​အ​ပေါ် တရား​ရုံး​က တရား​စီရင်တဲ့​ဝန်ထမ်း​တွေကို ​နှောင့်​ယှက်မှုနဲ့​ ကိုဖြိုး​ဝေ​အောင်ကို​ရော သူ့​ရှေ့​နေ​တွေဖြစ်တဲ့​ ဦး​ကျော်ဟိုး​နဲ့​ ​ဒေါ်သင်း​ဇာလှိုင်တို့​ကို တရား​စွဲဆိုမယ်လို့​ ​ဖေ​ဖော်ဝါရီတတိယပတ်မှာ ဆုံး​ဖြတ်ခဲ့​ပါ​သေး​တယ်။ တရား​လွှတ်​တော်​ရှေ့​နေ ဦး​ကျော်ဟိုး​က သူ့​အမှုသည်အတွက် ဆက်လက် အယူခံတင်သွား​မှာပါလို့​ ​ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up