A d v e r t i s e m e n t With Us

ဒေါက်တာအေးမောင်နှင့်စာ​ရေးဆရာ​ဝေဟင်​​အောင်​တို့ကို ရုံးထုတ်၊ လုံခြုံရေးတပ်​ကျပ်

  ရ​သေ့​တောင်​မြို့မှာ ​ဒေါက်​တာ​အေး​မောင်​နဲ့ စာ​ရေးဆရာ​ဝေဟင်​​အောင်​တို့ကို ဒီနေ့ ပထမဦးဆုံးအကြိမ် ​ရုံးထုတ်​စစ်​​ဆေးမှာဖြစ်ပြီး လုံခြုံရေးတပ်​ဖွဲ့ဝင်​​တွေ အ​မြောက်​အမြားချထားပါတယ်​။ ရ​သေ့​တောင်​တမြို့လုံး နေရာ​တော်​များများမှာ လုံခြုံ​ရေးတပ်​ဖွဲဝင်​​တွေ တပ်​ကျပ်​စွာချထားပြီး သတ်​မှတ်​​နေရာတချို့ကို ဝင်​ခွင့်မ​ပေးပါဘူး။ ဒါ့အပြင်​ ချောင်းတစ်ဖက်ရ​သေ့​တောင်​ ပြားချောင်းကြီး ကူးတို့လှေကိုလည်း လုံခြုံရေး တင်းကျပ်​စွာချထားပြီး ပိတ်ထားပါတယ်​။ ​ဒေါက်​တာ​အေး​မောင်​နဲ့ စာ​ရေးဆရာ​ဝေဟင်​​အောင်​တို့ကို ဒီက​နေ့ မနက်​ ၆ နာရီ ၃၀ က စစ်​​တွေအကျဉ်း​ထောင်​က​နေ စစ်တွေမြို့နယ် အမြင့်ကျွန်းတံတား ဆိပ်ကမ်း၊ အဲ့ဒီက​နေ့တဆင့် ရဲအင်အားအပြည့် စက်လှေနဲ့ရ​သေ့​တောင်​ကို ခေါ်ဆောင်လာပါတယ်​။ ရသေ့တောင်မြို့နယ်မှာ ကျင်းပခဲ့တဲ့ စာပေဟောပြောပွဲနဲ့ပတ်သက်ပြီး  ဟောပြောသူ ဒေါက်တာအေးမောင်နဲ့  စာရေးဆရာ ဝေဟင်အောင်တို့ကို ရသေ့တောင်မြို့နယ် ရဲစခန်းက မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) နဲ့  အမှုဖွင့်အရေးယူထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up