Home
မြန်မာသတင်း
ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးငြှိမ်းသတ်စဉ် ဒဏ်ရာရခဲ့သည့် မီးသတ်ဦးစီးမှူး ကွယ်လွန်
သူဇာလင်း
·
January 29, 2018
၂၀၁၇ အောက်တိုဘာ ၁၉ ရက်က မီးလောင်ကျွမ်းခဲ့တဲ့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုမှာ ပါဝင် မီးငြှိမ်းသတ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်စွာလင်းဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသခံယူရင်း မနေ့ည ၈ နာရီကျော်မှာ ကွယ်လွန်သွားပါတယ်။ ဦးကျော်စွာလင်းဟာ ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်ကျွမ်းတဲ့အချိန် မီးငြှိမ်းသတ်စဉ်က ဦးခေါင်းပေါ် သစ်သားတန်း ပြုတ်ကျပြီး သတိမေ့ကာ ဦးနှောက်အမှေးအောက် သွေးခဲ၊ ဦးနှောက်အသားအတွင်း သွေးယိုစိမ့်၊ ဝဲနားထင်ရိုးကျိုး ဒဏ်ရာတွေ ရရှိခဲ့လို့ ခွဲစိတ်ကုသကာ ဦးနှောက်နှင့်အာရုံကြောကုသဌာန အထူးကြတ်မတ်ကုသခန်းမှာ ကုသခံနေတာ ဖြစ်တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ထားတာပါ။ ၃ လလောက် ဆေးကုသခံရင်း ကွယ်လွန်သွားတဲ့ မီးသတ်ဦးစီးအရာရှိ ဦးကျော်စွာလင်းကို ဇန်နဝါရီ ၃၀ ရက် မွန်းလွဲ ၁ နာရီအချိန် ရေဝေးသုသာန်မှာ မီးသဂြုင်္ိဟ်မှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024