DVB Logo
Home
မြန်မာသတင်း
အဓမ္မလုပ်အား​ခိုင်း​စေသည့်​ တပ်မ​တော်သား​များ​ အ​ရေး​ယူခံရမည်
DVB
·
May 8, 2012
အဓမ္မလုပ်အား​ခိုင်း​စေသည့်​ တပ်မ​တော်သား​များ​ အ​ရေး​ယူခံရမည်
Donate to DVB

တပ်မ​တော်သား​တွေက အဓမ္မလုပ်အား​ခိုင်း​စေရင် အရပ်ဘက် အလုပ်သမား​ဥပ​ဒေအရ အ​ရေး​ယူခံရမယ်ဆိုတာ ​အောက်​ခြေအဆင့်​ဆင့်​ကို ညွှန်ကြား​ပြီး​ပါပြီလို့​ တပ်မ​တော်ကာကွယ်​ရေး​ဦး​စီး​ချုပ် ဒုတိယဗိုလ်ချုပ်မှူး​ကြီး​ မင်း​အောင်လှိုင်က နိုင်ငံတကာအလုပ်သမား​အဖွဲ့​ချုပ် (အိုင်အယ်လ်အို) ကို ​ပြောဆိုပါတယ်။

တပ်မ​တော်ကာကွယ်​ရေး​ ဦး​စီး​ချုပ် ဒုတိယဗိုလ်ချုပ်မှူး​ကြီး​ မင်း​အောင်လှိုင်နဲ့​ မြန်မာနိုင်ငံကို လာ​ရောက်တဲ့​ နိုင်ငံတကာအလုပ်သမား​အဖွဲ့​ချုပ် (အိုင်အယ်လ်အို) အုပ်ချုပ်​ရေး​အဖွဲ့​ ဥက္ကဋ္ဌ ဂရစ်ဗိန်း​ တို့​ ​နေပြည်​တော်မှာ ​မေ ၂ ရက်​နေ့​က ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​ရာမှာ တပ်မ​တော်ကာကွယ်​ရေး​ဦး​စီး​ချုပ်က အခုလို ​ပြောဆိုခဲ့​တာပါလို့​ ရန်ကုန်အ​ခြေစိုက် အိုင်အယ်လ်အို အကြီး​အကဲ စတိဗ်မာရှယ်လ်က ​ပြောပါတယ်။

အရင်တုန်း​က တပ်မ​တော်သား​တွေကို အရပ်ဘက် ဥပ​ဒေ​တွေနဲ့​ အ​ရေး​ယူလို့​မရ​ပေမယ့်​ အခု ညွန်ကြား​ချက်ဟာ အ​ရေး​ပါတဲ့​ အ​ပြောင်း​အလဲအဖြစ် ​တွေ့​ဆုံပွဲနဲ့​ ပတ်သက်ပြီး​တော့​ သူက ဆက်​ပြောပြပါတယ်။

“တကယ့်​ကို အ​ရေး​ပါတဲ့​ အ​ပြောင်း​အလဲပါ။ မြန်မာ့​ ဥပ​ဒေ​ဘောင်ထဲက​နေ အလုပ်လုပ်ဖို့​ တူညီတဲ့​ တာဝန်ရှိတယ်ဆိုတာကို စစ်တပ်က လုံး​ဝ လက်ခံသွား​တဲ့​ ညွှန်ပြချက်တခုပါပဲ။”

အပြန်အလှန်သတင်း​ဖလှယ်တာကလည်း​ စစ်တပ်က အရပ်သား​ အစိုး​ရနဲ့​အတူ အဓမ္မ လုပ်အား​ပေး​ခိုင်း​စေမှုပ​ပျောက်​ရေး​ကို ​ဆောင်ရွက်ဖို့​ အချက်ပြတာလို့​ ယုံကြည်တဲ့​အ​ကြောင်း​ သူက ဆက်​ပြောပါတယ်။

တိုင်း​ရင်း​သား​ ​ဒေသ​တွေမှာ အထူး​အာရုံစိုက်​ဆောင်ရွက်ဖို့​ သ​ဘောတူညီကြသလို လက်​တွေ့​အ​ကောင်ထည်​ဖော်ဖို့​ အိုင်အယ်လ်အိုက ​ဆောင်ရွက်​နေတယ်လို့​ ​ပြောပါတယ်။

မြန်မာနိုင်ငံမှာ လွန်ခဲ့​တဲ့​ ဆယ်စုနှစ်​တွေတုန်း​က အထူး​သဖြင့်​ နယ်စပ်​တွေမှာ အရပ်သား​တွေကို အလိုမတူဘဲ ​ပေါ်တာအဖြစ် ထမ်း​ပိုး​ခိုင်း​စေတာ​ကြောင့်​ မြန်မာ့​တပ်မ​တော်ဟာ နာမည်ပျက်ခဲ့​ရ​ပေမယ့်​ အရပ်ဘက် တရား​ရုံး​မှာ တိုင်တန်း​နိုင်တဲ့​ အခွင့်​အလမ်း​မရှိ ဖြစ်ခဲ့​ပါတယ်။

၂၀၁၅ ခုနှစ်မှာ အတင်း​အဓမ္မ လုပ်အား​ပေး​ခိုင်း​စေတာကို ပယ်ဖျက်နိုင်မယ်လို့​ အိုင်အယ်လ်အိုက ထင်မှတ်ထား​တယ်လို့​ စတိမာရှယ်က ​ပြောဆိုပါတယ်။ နိုင်ငံ​တော်သမ္မတကလည်း​ ​မေ ၁ ရက်​နေ့​ မိန့်​ခွန်း​မှာ ၂၀၁၅ မတိုင်မီ အဓမ္မခိုင်း​စေမှုပ​ပျောက်​အောင် ​ဆောင်ရွက်မယ်ဆိုတာ ထည့်​ပြောခဲ့​ပါတယ်။

နိုင်ငံပိုင်သတင်း​စာ​တွေမှာ​တော့​ အိုင်အယ်လ်အို ကိုယ်စား​လှယ်​တွေဟာ မြန်မာအလုပ်သမား​ဝန်ကြီး​ ဦး​အောင်ကြည်နဲ့​လည်း​ ​တွေ့​ဆုံခဲ့​ရာမှာ ၂၀၁၅ ခုနှစ် မတိုင်မီ မြန်မာနိုင်ငံတွင် အဓမ္မ​စေခိုင်း​မှု လုံး​ဝပ​ပျောက်​ရေး​အတွက် ပူး​တွဲ မဟာဗျူဟာ အ​ကောင်အထည်​ဖော်​ဆောင်ရွက်နိုင်ဖို့​၊​ လုပ်ငန်း​စီမံချက်​ရေး​ဆွဲနိုင်ဖို့​ ​ဆွေး​နွေး​ခဲ့​တယ်လို့​ ဆိုပါတယ်။

ပြီး​ခဲ့​တဲ့​ မတ်လတုန်း​ကလည်း​ အိုင်အယ်လ်အိုနဲ့​ တပ်မ​တော်အရာရှိ​တွေ နား​လည်သ​ဘောတူညီချက်အရ တပ်မ​တော်သား​တွေက ကျူး​လွန်တဲ့​အမှု​တွေကို တိုက်ရိုက် ​ဖော်ထုတ်ပိုင်ခွင့်​ကို အိုင်အယ်လ်အိုက ရရှိမယ်လို့​ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013