Home
မြန်မာသတင်း
ဥပဒေချိုးဖောက်သည့်အလုပ်ရှင်ကို အရေးယူရန် စက်မှုဇုန် အလုပ်သမားများ ဆန္ဒြ
အာကာ
·
January 28, 2018
  ဥပဒေပါအလုပ်သမားအခွင့်အရေး အပြည့်အဝရရှိဖို့နဲ့ ဥပဒေချိုးဖောက်တဲ့အလုပ်ရှင်ကို ဥပဒေ အတိုင်း အရေးယူပေးဖို့ ဒဂုံဆိပ်ကမ်းစက်မှုဇုန်က အလုပ်သမား ၃၅၀ လောက် စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ ဒဂုံဆိပ်ကမ်းစက်မှုဇုန်က အလုပ်သမား သမဂ္ဂ ၇ ခု စုပေါင်းပြီး ဇန်နဝါရီ ၂၈ ရက်နေ့ ညနေ ၄ နာရီကနေ ၆ နာရီအထိ စက်မှုဇုန်ထဲမှာ လမ်းလျောက်ဆန္ဒဖော်ထုတ်ခဲ့တာပါ။ စုပေါင်းဆန္ဒဖော်ထုတ်မှုမှာပါဝင်တဲ့ KGG အလုပ်သမားသမဂ္ဂက ကိုသက်ကိုကိုက “ငြိမ်းစုစီ တရားဝင်ပြီး ဆန္ဒဖော်ထုတ်တာပါ။ အင်အား ၃၅၀ လောက်ပါပါတယ်။ အဓိကက ဒဂုံဆိပ်ကမ်းထဲမှာ စက်ရုံတစ်ရုံပြီးတစ်ရုံ ဆန္ဒဖော်ထုတ်တာတွေ မကြာခဏ ဖြစ်နေတယ်။ ဒါတွေကလည်း ဥပဒေပါ အခွင့်အရေးကို အပြည့်အဝ မရကြလို့ပါ။ အဲဒီ့အတွက် ဒါတွေ ထပ်မဖြစ်ရအောင် ခုလို သမဂ္ဂတွေ စုပေါင်းဆန္ဒပြတာပါ” လို့ ဒီဗွီဘီကိုပြောပါတယ်။ အလုပ်သမားတွေအနေနဲ့ ဥပဒေပါအလုပ်သမားအခွင့်အရေး အပြည့်အဝရရှိရေး၊ ဥပဒေ ချိုးဖောက်တဲ့အလုပ်ရှင်ကို ဥပဒေ အတိုင်းအရေးယူပေးရေစတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။ ဖုယွင်အလုပ်သမား သမဂ္ဂဥက္ကဋ္ဌ မသက်ထားဆွေက “ဥပဒေမှာ ပါပြီးသားဖြစ်တဲ့ ရှောင်တခင်ခွင့် လုပ်သက်ခွင့်တွေကိုတောင် အပြည့်အဝမရတဲ့ စက်ရုံတွေရှိတယ်။ ဒါတွေ ထပ်မဖြစ်အောင် အခုလိုကြွေးကြော်ရတာပါ”လို့ ဒီဗွီဘီကိုပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024