Home
မြန်မာသတင်း
မြိတ်မြို့တွင် ကလေးစာပေပွဲတော်နှင့်စာအုပ်အရောင်းပွဲတော် ကျင်းပ
DVB
·
January 28, 2018
  မြိတ်မြို့မှာ ကလေးစာပေပွဲတော်နှင့် စာအုပ်အရောင်းပြပွဲကို ဇန်န၀ါရီလ ၂၇ နဲ့ ၂၈ ရက်နေ့တွင် ကျင်းပခဲ့တယ်လို့ သိရပါတယ်။ မြိတ်မြို့၊အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှာ ကျင်းပတဲ့ ကလေးစာပေ ပွဲတော်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ပြည်ထောင်စုဝန် ကြီးဒေါက်တာဖေမြင့် တက် ရောက်ခဲ့တယ်လို့သိရပါတယ်။ “တိုင်းဒေသကြီးအစိုးရ၊ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ပူးပေါင်း လုပ်ဆောင်တဲ့ပွဲလေးပါ။ ဒီကလေးစာပေပွဲတော်ကို ကျင်းပလာတာ အခုဆိုရင် တစ်နှစ်ကျော် ၂ နှစ်နီးပါရှိလာပါပြီ။ ကလေးတွေအတွက် ဉာဏ်ရည်ထက်မြက်ဖို့ ဗဟုသုတရရှိစေဖို့ ရည်ရွယ်တာပါ” လို့ ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားခဲ့ပါတယ်။ ကလေးစာပေပွဲတော်ကို မြိတ်မြို့မှာ ဒုတိယအကြိမ်ကျင်းပခဲ့တာဖြစ်ပြီး ပြန်ကြားရေးဝန်ကြီး အနေနဲ့ ပထမဆုံးတက်ရောက်တာဖြစ်ပါတယ်။ “ကလေးတွေဆိုတော့ စူးစမ်းလိုစိတ်ရှိတယ်။ အပျော်လေးတွေ ကြိုက်ကြတယ်။ ဒီလို စာပေ၊ ဉာဏ်စမ်းနှင့်ပျော်ပွဲ ရွင်ပွဲလေးတွေလုပ်ပေးထားတော့ လာတဲ့ကလေးတွေလည်း ပျော်ကြတယ်။ မိဘတွေလည်း လိုက်ပို့ရတာပျော်ရွှင်ပါတယ်။ ဗဟုသုတလည်းရပါတယ်”လို့ မြိတ်မြို့မှကျောင်းသားမိဘတဦးဖြစ်သူ ဒေါ်ဇင်မျိုးသူက ပြောပါတယ်။ ကလေးစာပေပွဲတော်မှာ ပျော်ပွဲရွှင်ပွဲ၊ ဉာဏ်စမ်း ပြိုင်ပွဲ၊ အနုပညာပြပွဲတွေ ပါဝင်သလို လာရောက်တဲ့ ပရိသတ်တွေကိုလည်း အလှူရှင်များစုပေါင်းပြီး အကျွေးအမွေးတွေနဲ့ ဧည့်ခံပေးခဲ့တယ်လို့သိရပါတယ်။ မြတ်ထွဋ် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024