ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အချို့ အနောက်နိုင်ငံ ခရီးထွက်မည်
DVB
·
May 8, 2012
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ ဦးခိုင်မောင်ရည်၊ ဦးစောသိန်းအောင်၊ ဦးငွန်းမောင်၊ ဦးဥာဏ်ဆွေဝင်း၊ ဒေါ်ခင်စောဝေနဲ့ ဦးမြင့်သန်းတို့ အပါအဝင် ၆ ဦးဟာ နော်ဝေနိုင်ငံကို ဒီသီတင်းပတ်အကုန် သွားရောက်မှာ ဖြစ်ပါတယ်။
နိုင်ငံရေးပါတီ ၆ ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၆ ဦးကို နော်ဝေ အစိုးရက ဖိတ်ကြားလို့ ချစ်ကြည်ရေးလေ့လာရေးအတွက် သွားရတာလို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ဦးခိုင်မောင်ရည်က ပြောပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့က ဂျာမနီနိုင်ငံကိုရောက်ရှိနေပြီးတော့ နောက်ချန်လိုက်တဲ့အဖွဲ့နဲ့ နော်ဝေနိုင်ငံ အော်စလိုမှာ တွေ့ဆုံမှာဖြစ်ပါတယ်။ လွှတ်တော်ရေးရာအထူးကော်မရှင်အဖွဲ့က ဦးသန်းထွန်းလည်း လိုက်ပါသွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဥရောပနိုင်ငံက အစိုးရဖိတ်ကြားလို့ သွားရတာဟာ ပထမဦးဆုံးအကြိမ်လည်း ဖြစ်ပါတယ်။