ချောက်မြို့တွင် တရားမ၀င် ပိတောက်သစ်ခွဲသားများ ဖမ်းဆီးရမိ

1.4K
ချောက်မြို့နယ်၊ ချောက်ဂွေးချိုကားလမ်း လိမ်ဂွေမှာ စက်ပိက်ပြီးရပ်ထားတဲ့ ၂၂ ဘီးယဉ်ကို မသင်္ကာလို့ စစ်ဆေးရာမှ တရားမဝင် ပိတောက်သား ၁၃ တန်ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ချောက်၊ ဂွေးချိုကားလမ်း မိုင်တိုင် ၄၀၄.၁ မိုင်တိုင် အတက်မှာ စက်ပျက်လို့ ရပ်ထားတဲ့ ၂၂ ဘီး တွဲကားကို ချောက်မြို့နယ် ရဲမှူးအေးလွင်နဲ့အဖွဲ့၊ ချောက်မြို့နယ် သစ်တောဦးစီးတို့ ပူပေါင်းပြီး စစ်ဆေးရာ တရာမဝင်း ပိတောက်သားတွေ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ကားပေါ်မှာ ယဉ်မောင်းနဲ့ ယဉ်နောက်လိုက် မတွေ့ရှိရဘဲ ချောက်မြို့မရဲ့စခန်း ဒုစခန်းမှူး ရဲအုပ် ထွန်းဦးဝင်းက စစ်ဆေးအရေးယူမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ကိုလင်း(ချောက်)