ပဲခူးမြစ်အတွင်း အမှိုက်မပစ်ကြရန် စည်ပင်နှင့်ပရဟိတအဖွဲ့များ တောင်းဆို
DVB
·
January 27, 2018
ပဲခူးမြစ်အတွင်းကို အမှိုက်မပစ်ဖို့ တားမြစ်ထားပေမယ့် လိုက်နာမှုအားနည်းနေတာကြောင့် ပြည်သူတွေအနေ နဲ့  စည်းကမ်းတကျ အမှိုက်စွန့် ပစ်ပေးဖို့  စည်ပင်တာဝန်ရှိသူတွေ နဲ့ ပရဟိတအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။
ပဲခူးမြစ်အတွင်းကို စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာတွေကြောင့် ပဲခူးမြစ်ဟာ တိမ်ကောလာပြီး မြစ်အတွင်းမှာရှိတဲ့ ရေသယံဇာတတွေ ပျက်သုန်းနိုင်တဲ့အပြင် မိုးအခါ ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် မြစ်အတွင်း အမှိုက်မပစ်ကြဖို့ စည်ပင်ကနေ တားမြစ်ထားပါတယ်။
ဒါပေမယ့် အမှိုက်ပစ်သူတွေက လစ်ရင်လစ်သလို စည်းကမ်းမဲ့ပစ်နေတာကြောင့် စည်ပင်နဲ့ ပရဟိတအဖွဲ့တွေ ပူးပေါင်းသန့်ရှင်းရေး လုပ်ပေးနေပမယ့် အမှိုက်တွေက ပြန်ရောက်နေတာတာပါ။
ဒါကြောင့် ပြည်သူတွေ ပူပေါင်းကူညီတဲ့အနေနဲ့ စည်းကမ်းမဲ့ အမှိုက်မပစ်ကျဖို့ကို စည်ပင်တာဝန်ရှိသူတွေ နဲ့ ပရဟိတ အဖွဲ့တွေက တောင်းဆိုလိုက်တာဖြစ်ပါတယ်။
ပဲခူးမြစ်အတွင်း အမှိုက်ပစ်မှုလျှော့နည်းအောင် တံတာအနီး အမှိုက်ကန်တွေ ပြုလုပ်ပေးမယ့်အပြင် ပဲခူးမြစ်ကို သံဇကာနဲ့ ကာရံသွားမယ်လို့ သိရပါတယ်။