ထန်းတပင်တွင် ၀ါယာရှော့ခ်ကြောင့် ဆိုင်ခန်း ၁၁ ခန်း မီးလောင်
DVB
·
January 27, 2018
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့၊ အောင်သုခရပ်ကွက်၊ ထန်းတပင်-တပြေးကားလမ်းမဘေးက ဒေါ်ချိုချိုမြင့်ရဲ့ ကုန်စုံဆိုင်မှာ မီးပလပ်ခုံဝါယာရှော့ခ်ဖြစ် မီးလောင်ရာမှ အနီးရှိဆိုင်ခန်း ၁၁ ခန်း မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။
မီးလောင်ရာနေရာကို တောင်ငူမြို့နယ်၊ ထန်းတပင်နဲ့ အုတ်တွင်းမြို့နယ်တို့က မီးသတ်ယာဉ် ၆ စီးနဲ့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မနက် ၁ နာရီ ၂၀ မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်ကျွမ်းခဲ့မှုကြောင့် ဆိုင်ခန်း ၁၁ ခန်း၊ တန်ဖိုး ၅ သိန်းခွဲလောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ထန်းတပင်မြို့မ ရဲစခန်းက မီးပေါ့ဆမှုကြောင့် ဆိုင်ခန်းပိုင်ရှင်ကို အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
သားကြီး(တောင်ငူ)