DVB Logo
Home
မြန်မာသတင်း
ရွှေဖြူ တူး​ဖော်ခြင်း​ ရပ်တန့်​ရန် လား​ဟူအမျိုး​သမီး​အဖွဲ့​ ​တောင်း​ဆို
DVB
·
May 8, 2012
ရွှေဖြူ တူး​ဖော်ခြင်း​ ရပ်တန့်​ရန် လား​ဟူအမျိုး​သမီး​အဖွဲ့​ ​တောင်း​ဆို
1 / 2
Donate to DVB

ရှမ်း​ပြည်နယ်အ​ရှေ့​ပိုင်း​မှာ လုပ်ကိုင်​နေတဲ့​ ​ရွှေဖြူတူး​ဖော်မှုကို ရပ်တန့်​ဖို့​ လား​ဟူအမျိုး​သမီး​အစည်း​အရုံး​က ​တောင်း​ဆိုလိုက်ပါတယ်။

လား​ဟူအမျိုး​သမီး​အဖွဲ့​က ဒီ​နေ့​မှာ “​ရွှေဖြူအတွက် သိမ်း​ယူခြင်း​” ဆိုတဲ့​ အစီရင်ခံစာ ထုတ်ပြန်ပြီး​ ​ရွှေဖြူ (ပလက်တီနမ်) တူး​ဖော်မှုကို ရပ်တန့်​ဖို့​ ထုတ်ပြန် ​တောင်း​ဆိုလိုက်တာပါ။

ရွှေဖြူတူး​ဖော်တာ​ကြောင့်​ ရှမ်း​ပြည်နယ်အ​ရှေ့​ပိုင်း​ တာချီလိတ်မြို့​ ​မြောက်ဘက် ​တောင်တန်း​ဒေသက လား​ဟူ၊​ အခါနဲ့​ ရှမ်း​ရွာ ၈ ရွာက လူ ၂၀၀၀ ​ကျော်ကို ထိခိုက်​နေတာ​ကြောင့်​ ရပ်တန့်​ဖို့​ ​တောင်း​ဆိုတာလို့​ လား​ဟူအမျိုး​သမီး​အစည်း​အရုံး​ရဲ့​ ပြည်တွင်း​တာဝန်ခံ နာဗစ်ဘိုက ​ပြောပါတယ်။

[caption id="attachment_25051" align="aligncenter" width="500" caption="အစီရင်ခံစာမျက်နှာဖုံး​"][/caption]

“ခုလို တူး​ကြတဲ့​အတွက် ​ဒေသခံ​တွေရဲ့​ လယ်ယာ​မြေ​တွေ အများ​ကြီး​ ဆုံး​ရှုံး​သွား​တယ်။ အရင်က မိသား​စု​တွေ အများ​ကြီး​ ဒီမှာ ​နေထိုင်မှီခိုပြီး​ ဝင်​ငွေရှာ​နေကြတယ်။ အခုက ကုမ္ပဏီ​တွေအများ​ကြီး​ လာတည်​ထောင်​တော့​ ​တော​တွေလည်း​ အများ​ကြီး​ ပြုန်း​တီး​သွား​တယ်။ တချို့​တော​တွေကို သူတို့​က ကန့်​သတ်နယ်​မြေလို့​ လုပ်လိုက်​တော့​ ​ဒေသခံ​တွေကို ဆိုး​ကျိုး​သက်​ရောက်​စေတာ​ပေါ့​။ ဘာတခုမှလည်း​ အကျိုး​ပြုတာ မရှိဘူး​ပေါ့​။ အကုန်လုံး​ ဆိုး​ကျိုး​ပဲခံစား​နေရတယ်ဆို​တော့​ ဒီ ​ရွှေဖြူတူး​ဖော်မှုကို ရပ်တန့်​ပေး​ဖို့​ ​တောင်း​ဆိုထား​တယ်။”

ဒီလုပ်ငန်း​ကို ၂၀၀၇ က​နေ စပြီး​ စမ်း​သပ်တူး​ဖော်ရာက​နေ အရည်အ​သွေး​ပြည့်​မီတာ​ကြောင့်​ ၂၀၀၉ မှာ ကုမ္ပဏီအများ​အပြား​နဲ့​ လာ​ရောက် တူး​ဖော်လာတာလို့​ ဆိုပါတယ်။ ​ရွှေဖြူတူး​ဖော်မှု​ကြောင့်​ လယ်​မြေ၊​ စိုက်ခင်း​တွေကို ​မြေစာဖုံး​လွှမ်း​ခဲ့​သလို မယ်ဇလီ၊​ ငှက်​ပျော၊​ လက်ဖက်စတဲ့​ စိုက်ခင်း​ အ​တော်များ​များ​လည်း​ ပျက်စီး​သွား​တယ်လို့​ ​ပြောပါတယ်။

ဒေသခံရွာသား​တွေက ဒီထိခိုက်မှု​တွေအတွက် ​ရွှေတူး​ဖော်တဲ့​ ကုမ္ပဏီနဲ့​ ​ဒေသခံ အာဏာပိုင်​တွေကို တင်ပြ​ပေမယ့်​ ဘာမှ အ​ရေး​ယူ ​ဆောင်ရွက်မ​ပေး​ဘူး​လို့​လည်း​ အစီရင်ခံစာမှာ ​ဖော်ပြထား​ပါတယ်။

ဒါ့​အပြင် ဒီလို စိုက်ခင်း​တွေ၊​ သဘာဝပတ်ဝန်း​ကျင်​တွေ ပျက်စီး​မှု​ကြောင့်​ ​ဒေသခံ​တွေအ​နေနဲ့​ လုပ်ကိုင်စား​သောက်စရာ ​နေရာမရှိ​တော့​သလို ကုမ္ပဏီ​တွေမှာ အလုပ်ဝင်ဖို့​ ကြိုး​စား​ကြ​ပေမယ့်​ ကုမ္ပဏီ​တွေက လက်မခံကြဘူး​လို့​ နာဗစ်ဘိုက ​ပြောပါတယ်။

“​ဒေသမှာ ရှိတဲ့​သူ​တွေက မိသား​စုဝင်​ငွေအဖြစ်နဲ့​ သစ်​တော​တွေကို မှီခိုပြီး​တော့​ သစ်​တောထွက် ​ဆေး​ဝါး​ပစ္စည်း​တွေ၊​ ဟင်း​သီး​ဟင်း​ရွက်​တွေ စု​ဆောင်း​ပြီး​တော့​ တာချီလိတ်တို့​ မယ်ဆိုင်တို့​မှာ လာ​ရောင်း​ချကြတာ ရှိတယ်။ အခု ကုမ္ပဏီ​တွေအများ​ကြီး​ ရှိလာတဲ့​အခါ နည်း​နည်း​ကျန်​နေ​သေး​တဲ့​ ​တော​တွေမှာ​တောင် သစ်​တောထွက်ပစ္စည်း​တွေ မရှာနိုင်​တော့​ဘူး​။ ဝင်​ငွေလည်း​ လုံး​ဝ မရှိ​တော့​ဘူး​လို့​ ​ပြောလို့​ရတယ်။

“​ဒေသခံ တိုင်း​ရင်း​သား​တွေက အဲ့​ဒီ ကုမ္ပဏီ​တွေမှာ အလုပ်လုပ်ဖို့​ အလုပ်သွား​တောင်း​တယ်။ ဒါ​ပေမယ့်​ သူတို့​က အလုပ်လုပ်ခွင့်​ လုံး​ဝမ​ပေး​ဘူး​။ သူတို့​ ​ပြောတာက ​ဒေသခံ​တွေကို အလုပ်​ပေး​မယ်ဆိုရင် ခရစ်ယာန်​တွေ အများ​စုဖြစ်တဲ့​အတွက် တနင်္ဂ​နွေမှာ နား​မယ်။ ​တောင်ယာလုပ်တဲ့​အချိန်ဆိုရင်လည်း​ ခွင့်​တောင်း​ပြီး​မှ နား​ဦး​မယ်ဆိုပြီး​ အချိန်ပြည့်​ လာအလုပ်မဆင်း​နိုင်တဲ့​အတွက် အလုပ်သမား​တွေကို မယူဘူး​ဆိုပြီး​ အခု ​ရွှေဖြူတူး​တဲ့​ ​ဒေသမှာရှိတဲ့​ လား​ဟူ၊​ အခါတို့​ဟာ ကုမ္ပဏီ​တွေမှာ အလုပ် လုပ်ခွင့်​မရှိဘူး​။ သူတို့​အတွက် အလုပ်သမား​ကို ကုမ္ပဏီက တခါတည်း​ ​ခေါ်လာတယ်။”

ဒါ့​ကြောင့်​ ဒီ​ရွှေဖြူတူး​ဖော်ခြင်း​လုပ်ငန်း​ကို ရပ်ဆိုင်း​ဖို့​ အပါအဝင် နစ်နာတဲ့​ဒေသခံ​တွေလည်း​ လယ်ယာ​မြေ​တွေကို ထိုက်သင့်​တဲ့​ ​လျော်​ကြေး​ပေး​ဖို့​ ဒါမှမဟုတ် ​မြေယာ အစား​ထိုး​ပြန်​ပေး​ဖို့​လည်း​ လား​ဟူအမျိုး​သမီး​အဖွဲ့​က ​တောင်း​ဆိုထား​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013