A d v e r t i s e m e n t With Us

မက္ကဆီကို တိရစ္ဆာန်ရုံတခုတွင် ရှားပါး ခြင်္သေ့ဖြူလေး၏ မွေးနေ့ပွဲကျင်းပ (ရုပ်သံ)

မက္ကဆီကို တိရစ္ဆာန်ရုံတခုမှာ ရှားပါး ခြင်္သေ့ဖြူလေး တကောင်ရဲ့မွေးနေ့ကို ကျင်းပနေပါတယ်။ မက္ကဆီကိုနိုင်ငံအလယ်ပိုင်း၊ လက်စ်ကာလာမြို့က တိရစ္ဆာန်ရုံမှာ ခြင်္သေ့ပေါက်စ မွေးနေ့ပွဲ လုပ်နေပါတယ်။ အဲဒီ ခြင်္သေ့ဖြူလေးကို အောက်တိုဘာ ၂၈ ရက်နေ့တုန်းက မွေးဖွားခဲ့ပြီး အလေးချိန် တပေါင်ခွဲနီးပါးရှိပါတယ်။ ခြင်္သေ့ပေါက်လေးတွေကို မိခင်ဖြစ်တဲ့ ခြင်္သေ့မတွေက အနားကပ်မခံလို့ ဒီ ခြင်္သေ့ပေါက်လေးကို တိရစ္ဆာန်ရုံစောင့်တွေနဲ့ တိရစ္ဆာန်ဆရာဝန်တွေက နို့တိုက်နေပါတယ်။ ခြင်္သေ့လေး သူ့ဘာသာ အစာရှာနိုင်တဲ့အထိ အစာကျွေးကြမှာပါ။ “သူတို့ရဲ့အရောင်ကြောင့် တောတွင်းမှာ ပုန်းအောင်းလို့မရပါဘူး။ အရောင်မဖျောက်နိုင်တော့  သားကောင် ချောင်းဖို့လည်း ခက်ပါတယ်။ ဒီတော့ အစာရှာလည်း ခက်တယ်လေ။ နောက်တချက်က သူတို့ အမွေးက သိပ်လှပြီး ဆွဲဆောင်မှုရှိတော့ မျိုးစိတ်သုန်းလောက်တဲ့အထိ ရက်ရက်စက်စက်  အမဲလိုက်ခံနေရတယ်။”  လို့ တိရစ္ဆာန်ရုံမန်နေဂျာက ပြောပါတယ်။ ဒီလို ခြင်္သေ့ဖြူမျိုးစိတ်ဟာ မျိုးပွားဖို့ခက်ပြီး တကမ္ဘာလုံးမှာ အကောင်ရေ ၃၀၀ တောင်မပြည့်ဘူးလို့ တိရစ္ဆာန် ရုံမန်နေဂျာကပြောပါတယ်။ ဒီတိရစ္ဆာန်ရုံမှာ ဒီခြင်္သေ့ရဲ့အဖေနဲ့အမေ အပြင် နောက်ထပ်ခြင်္သေ့ဖြူ တကောင်ရှိပါသေးတယ်။ ဒီခြင်္သေ့ဖြူလေးကို နာမည်ပေးဖို့ ကလေးတွေကို မကြာခင် တိရစ္ဆာန်ရုံတွင်း ကြည့်ရှုခိုင်းပြီး ဖေဖော်ဝါရီ ၄ ရက်နေ့မှာ နာမည်ပေးမှာပါ။

A d v e r t i s e m e n t With Us

More News
Up