ချောက်မြို့နယ် စက်ဆုံးဆီဆိုင်များကို မီးဘေးအန္တရာယ် လုံခြုံမှုရှိမရှိ စစ်ဆေး
DVB
·
January 27, 2018
ချောက်မြို့နယ်တွင်း စက်သုံးဆီဆိုင်တွေကို မီးဘေးအန္တရာယ် လုံခြုံမှုရှိမရှိ တာဝန်ရှိသူတွေက လိုက်လံစစ်ဆေးခဲ့ပါတယ်။
“မြေအောက်သိုလှောက်ကန်တွေ သိုလှောင်မှုနည်းစနစ် မှန်မမှန်၊ သယ်ဆောင် ရောင်းချ မှုတွေကို မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးနဲ့ သဘာဝဘေးတွေကြောင့် မီးဘေး မဖြစ်စေရေး နှိုးဆော်သတိပေးတဲ့အနေနဲ့ အခုလို ပြုလုပ်ဆောက်ရွက်ပေးရတာ ဖြစ်ပါတယ်” လို့ ချောက်မြို့နယ် မီးသတ်တပ်ဖွဲ့ ဦးစီးမှူး ဦးစိုးညွှန့်က ပြောပါတယ်။
စစ်ဆေးမှုကို ချောက်မြို့နယ် မီးသတ်တပ်ဖွဲ့၊ မြို့နယ်လျှပ်စစ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး၊ မြို့နယ်စည်ပင်နဲ့ စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်ရဲတပ်ဖွဲ့တို့ အဖွဲ့စုံပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါတယ်။
ကိုလင်း(ချောက်)