Home
သတင်းဓာတ်ပုံ
၆၉ နှစ်မြောက် အိန္ဒိယသမ္မတနိုင်​ငံ​တော်​​နေ့ အခမ်းအနားမန္တလေးတွင်ကျင်းပ (ဓာတ်ပုံ)
Aung Aung Naing
·
January 26, 2018
၆၉ နှစ်​​မြောက်​ အိန္ဒိယသမ္မတနိုင်​ငံ​တော်​​နေ့ အလံတင်​အခမ်းအနားကို မန္တ​လေးချမ်းမြသာ စည်​မြို့နယ်​က အိန္ဒိယ​ကောင်​စစ်​ဝန်​ရုံးမှာ ဒီက​နေ့မနက်​ ၁၀ နာရီက ကျင်းပပါတယ်​။ အိန္ဒိယ​ကောင်​စစ်​ဝန်​ချုပ်​ နန္ဒာဆင်းဂ်ဘဟလ်ဆိုရာက အိန္ဒိယနိုင်​ငံသမ္မတကြီးရဲ့ မိန့်ခွန်းသ၀ဏ်လွှာကိုဖတ်​ကြားခဲ့ပြီး အိန္ဒိယနိုင်​ငံရဲ့ ယဉ်​​ကျေးမှုအက ​တေးသီချင်းတွေနဲ့ ဧည့်​ခံဖျော်ဖြေခဲ့ပါတယ်​။ ဒီအခမ်းအနားကို အိန္ဒိယနိုင်​ငံ မဏိပူရပြည်​နယ်​က အားကစားနဲ့လူငယ်​​ရေးရာဝန်​ကြီးနဲ့ အားကစားသမားတွေ၊ အိန္ဒိယစီးပွား​ရေးလုပ်​ငန်းရှင်တွေ၊ မန္တ​လေးတိုင်းပြင်​ဦးလွင်​မြို့က အိန္ဒိယနွယ်​ဖွားတွေ၊ မြန်​မာပြည်ထဲက အိန္ဒိယနွယ်​ဖွားတွေနဲ့အတူ မန္တ​လေးတိုင်း အားကစားနဲ့ကာယသိပ္ပံ​ ကျောင်းက​ကျောင်းအုပ်​ကြီး ဦးမျိုးမြင့်​​အောင်​နဲ့ သက်​ဆိုင်​ရာ တာဝန်​ရှိသူတွေ တက်​​ရောက်​ခဲ့ကြပါတယ်​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024