DVB Logo
Home
မြန်မာသတင်း
အနုပညာရှင်အချို့ ကချင်ဒုက္ခသည်များကို သိန်း ၃၀ လှူဒါန်း
DVB
·
May 8, 2012
Donate to DVB

ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် နာမည်ကြီးတေးရေးဆရာ ကိုရဲလွင်အပါအ၀င် အနုပညာရှင်တွေဟာ မန္တလေးမြို့မှာ ဆိုင်တချို့ကို လှည့်လည်တီးခတ်ပြီး  ရန်ပုံငွေရှာတာ ဒီနေ့ သိန်း၂၀ နီးပါးရရှိတယ်လို့ ကိုရဲလွင်က ပြောပါတယ်။

ရန်ကုန်မှာ တီးခတ်ပြီး ရန်ပုံငွေရှာလို့ ရတဲ့ ကျပ်ငွေ ၉ သိန်းကျော်ကို မန္တလေးမြို့က စိမ်းရောင်စို လူမှုရေးကွန်ရက်ကို သွားရောက်ပေးအပ်ရင်း မန္တလေးမှာလည်း ဒီနေ့ တီးခတ်ဖျော်ဖြေရင်း ရန်ပုံငွေထပ်မံရရှိတာ ဖြစ်ပါတယ်။ အလှူငွေ သိန်း ၃၀ ခန့်ကို စိမ်းရောင်စိုလူမှုရေးကွန်ရက်ကနေတဆင့် ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေထံကို သွားရောက်လှူဒါန်းမှာဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို မမေ့မလျော့ဖို့နဲ့ တိုက်ပွဲတွေရပ်တန့်ဖို့ အပါအ၀င် တိုက်ပွဲကြောင့် ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေကို အကူအညီပေးဖို့ ရည်ရွယ်ချက်နဲ့ ဦးရဲလွင်နဲ့ အနုပညာရှင်တွေ ပါဝင်တဲ့ လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်းအဖွဲ့ဟာ လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ တပိုင်တနိုင်တီးခတ် ရန်ပုံငွေရှာဖွေ လှူဒါန်းနေတာ ဖြစ်ပါတယ်။

ဒီအဖွဲ့မှာ ကိုသားထွေး၊ ကိုတိုးလွင် (ဥတ္တရအလင်း) ၊ ကိုအိချို၊ ကိုညီညီလွင်နဲ့ တခြား အဖွဲ့ဝင်တွေ ပါဝင်ခဲ့သလို တခြား အနုပညာရှင်တွေလည်း ထပ်မံ ပါဝင်လာနိုင်တယ်လို့ ပြောပါတယ်။ တိုင်းနဲ့ပြည်နယ်တချို့က စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေကလည်း လာရောက်ဖျော်ဖြေဖို့ ကမ်းလှမ်းကြတယ်လို့ ကိုရဲလွင်က ပြောပါတယ်။

ကချင်ပြည်နယ်မှာ မနှစ် ဇွန်လလယ်က စပြီး ကေအိုင်အိုနဲ့အစိုးရအကြား အပစ်အခတ်ရပ် သဘောတူညီချက် ပျက်ပြယ်ပြီး ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် သောင်းချီတဲ့ စစ်ပြေးဒုက္ခသည်တွေ ဟာ မြန်မာ-တရုတ် နယ်စပ်တလျှောက်နဲ့ တောတွင်းတွေမှာ ပုန်းခိုနေကြရပြီး အထောက်အပံ့တွေ လိုအပ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013